Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2015

ပျဉ်းမနားမြို့၌ ရထားတိုက်၍ လူတစ်ဦးသေ



   နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက် ရန်ကုန်-မန္တလေး မီးရထားလမ်းမတွင် လူတစ်ဦးရထားကြိတ်၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၁ ရက် နံနက် ၇ နာရီခွဲက ရဲအုပ်နေလင်းအောင်သည် သတင်းအရ အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးရာ ရွာကောက်ရပ်ကွက်၊ ပန်းခင်း(၁)သစ္စာလမ်းနှင့် စံပယ် လမ်းကြား မီးရထားသံလမ်း မိုင်တိုင် အမှတ် (၂၂၆။၄၄)နှင့် (၂၂၆။၄၅) ကြား ရွာတော်ဘူတာဘက်မှ ပျဉ်းမနား ဘူတာဘက်သို့လာသည့် ရထားသံလမ်းကြားတွင် ရထားတိုက် သေဆုံးနေသည့် အောင်သူ (၂၇ နှစ်) စက်ရေတွင်းတူး မီးရထားဝန်ထမ်း လိုင်း ရွာကောက်ရပ်ကွက်နေသူ၏ အလောင်းအား ပက်လက်အနေ အထားဖြင့်တွေ့ရပြီး ရထားတိုက် သောကြောင့် အောင်သူမှာ ဒဏ်ရာ များဖြင့်သေဆုံးနေပြီး အမှတ် (၁ဝ၁)အဆန် နေပြည်တော်-ချောက် ခရီးစဉ်စာပို့ရထားစက်ခေါင်း အမှတ် D4-1234 စက်ခေါင်းမောင်း ဦးသိန်းဦး မောင်းနှင်သောရထားဖြင့် တိုက်မိကြောင်း သပြေလမ်းသံလမ်း ဂိတ်အစောင့် ကိုဦးနှင့် ကိုအေးမင်းဦးတို့က ပြောပြသိရသဖြင့် သေဆုံးသူ အလောင်းအား ခုတင် ၁ဝဝဝ ဆေးရုံ သို့ပို့ဆောင်ပြီး သေဆုံးရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများ က ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မင်းမင်းလတ် (ရူပဗေဒ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment