Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 13, 2015

စစ်သွေးကြွးနှင့် ပူးပေါင်းမည့် အစ္စရေး အမျိုးသားတစ်ဦးအား သူလျှိုဟုစွပ်စွဲကာ ၁၂ နှစ်အရွယ် စစ်သွေးကြွ လူငယ်မှ ပစ်သတ်


ISIS စစ်သွေးကြွ အဖွဲ့မှ လူငယ် စစ်သွေးကြွ တစ်ဦးက အစ္စရေး အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်နေသည့် ဗီဒီယိုဖိုင် တစ်ခုကို ISIS စစ်သွေးကြွ အုပ်စုက ထုတ်လွှင့် ပြသကြောင်း သိရသည်။

အဆိုပါ အမျိုးသားကို အစ္စရေး လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ဖြစ်သော မော့ဆက် အဖွဲ့အတွက် စုံစမ်း ထောက်လှမ်းနေသူ အဖြစ် အခိုင်အမာ ပြောကြားကာ သေနတ်ဖြင့် ပစ်သတ်ခြင်း ဖြစ်ပြီး ၄င်း ဗီဒီယိုဖိုင်ကို မတ် ၁ဝ ရက်တွင် ISIS အဖွဲ့က ထုတ်လွှင့် ပြသခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်သည် အချိန်အားဖြင့် ၁၃ မိနစ်ကြာပြီး ပစ်သတ်ခံ ရသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ မိုဟာမက်ဆက်ဒ် အစ္စမေးလ် မူဆာလမ် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ISIS စစ်သွေးကြွ နှစ်ဦးက မိုဟာမက်ဆက်ဒ် အစ္စမေးလ် မူဆာလမ်ကို ခြံရံထားပြီး စစ်သွေးကြွ နှစ်ဦးအနက် အသက်အရွယ် ကြီးသူက မူဆာလမ် သည် ISIS စစ်သွေးကြွ အဖွဲ့ကို စုံစမ်း ထောက်လှမ်းရန် အစ္စရေး လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့မှ စေလွှတ်သည့် သူလျှို ဖြစ်သည်ဟု ပြောကြားကာ အသက် ငယ်ရွယ်သူ စစ်သွေးကြွ က ၄င်း၏ ပစ္စတိုဖြင့် မူဆာလမ် ၏ ဦးခေါင်းကို ပစ်သတ်ပုံကို ဖော်ပြထားသည်။

မူဆာလမ် ၏ ဖခင်ကမူ ၄င်း၏သားသည် အစ္စရေး မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင် နေခြင်းမှ နုတ်ထွက်ကာ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နေအိမ်မှ ထွက်ခွာ သွားကြောင်း ပြောကြား ခဲ့သည်။

PyiChitThar

No comments:

Post a Comment