Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 22, 2015

အောင်ဇမ္ဗူတောရ ဆရာတော်ကြီး အားဂျပန်လူမျိုးတစ်ဦးလှူဒါန်းခဲ့သောဆင်းတုတော်ပေါင်း ၃၀၁ ဆူ

UMyint Thein ရန်ကုန် မြို့ လှိုင်သာယာအဝင် ပန်းလှိုင် ဂေါက်ကွင်း အိမ်ရာ မှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာ ဂျပန်လူမျိုး တစ်ယောက်ရှိတယ်။အဲ့ ပုဂ္ဂိလ် ကြီးဟာ ဗုဒ္ဓဘုရားကို ကြည်ညို လွန်းလို့ မြန်မာပြည် အနှံ့ ရောက်တဲ့နေ ရာ တိုင်းမှာ ဘုရား ဆင်းတုတော်တွေကို နှစ်ပေါင်းများစွာ စုဆောင်း ကိုးကွယ်ခဲ့ပါတယ်။

ဘယ်လိုနည်း တွေသုံးပီးစုဆောင်းခဲ့ရသလဲ ဆိုတာက်ုတော့ အသေးစိတ် မသိပါဘူး။ ဒီလိုနဲ့ နှစ်များစွာ ကြာတဲ့အခါ ယခု ဖူးတွေ့နေရသော ဆင်းတုတော်ပေါင်း ၃၀၁ ဆူ တိတိ ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

မကြာသေးမီ နှစ်အနည်းငယ်ခန့်က အဆ်ုပါဂျပန်လူမျိုးနှင့် ယခု ဘုရားဆင်းတုတော်များ စံပါယ်တော်မူရာ မှော်ဘီမြို့ အောင်ဇမ္ဗူတောရကျောင်းတိုက် ဆရာတော် နှင့် တွေ့ဆုံခဲ့ရာ သူပိုင်ဆိုင်သော ဆင်းတုတော်များ အားလုံးကို အများပြည်သူတို့ ဖူးတွေ့နိုင်ကြစေရန် ရည်သန်၍ ရေစက်ချ လှူဒါန်းခဲ့ပါကြောင်း သိရှိရပါတယ်။

ဒီနေရာမှာ ဂျပန် ဘုရားလို့ သုံးနှုံးခြင်း သည်လည်း၊ ပိုင်ဆိုင်သူ ဂျပန်လူမျိုးကို အစွဲပြုလျှက် ဂုဏ်တင် ခေါ်ဝေါ်ခြင်းဖြစ်နိုင်ပါတယ်။ မြန်မာ့ဓလေ့ အရလည်းဘဲ ၄င်းကဲ့သို့ ပိုင်ဆိုင်သူကို အစွဲပြုလျှက်ခေါ်ဝေါ် ခဲ့ကြသော သာဓက များရှိခဲ့ပါတယ်။ ဆရာတော်ကြီးဆီမှာတော့ ဂျပန် ဘုရားများလို့ သုံးနှုန်းမထားပါဘူး။

အဲ့ဒီကျောင်းထဲမှာတော့ ဓါတ်ပုံ ရိုက်ခွင့်လုံးဝ ပေးမထားပါဘူး။ ဒီလောက်ပုံ အများကြီးကိုလဲ ခိုးရိုက်၍ မရနိုင်လောက်ပါဘူး။သီးသန့် အခွင့်အရေး ရသဖြင့်သာ ရိုက်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ဥပမာ အောင်ဇမ္ဗူတောရ ဆရာတော်ကြီး အား ပိုင်ရှင် ဂျပန်ကြီး လှူဒါန်းစဉ် မြဝတီရုပ်သံ အဖွဲ့မှ သွားရောက်ရိုက်ကူးစဉ်က ၎င်း ဘုရား ပုံတော်များ တင်ပြခဲ့တာကို ကြည့်ဘူး ပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်နိုင်ပါတယ်။

သူတော်ကောင်းများအနေဖြင့် သာသနာနှင့် စပ်လျဉ်း၍ မိမိ မစွမ်းဆောင်နိုင်သည့် အရာကို သူတပါးတို့ ဆောင်ရွက်ပေးနိုင်ခြင်းအား သာဓုခေါ်ခြင်းဖြင့် မုဒိတာပွားရင်း ကုသိုလ်ယူနိုင်ကြ ပါစေကုန်။


Hsu Hsu ဂျပန်လူမျိုးက မြန်မာ ပြည်မှာနေတဲ့ အချိန် မြန်မာ ရှေးဟောင်းဘုရား တွေကို စုဆောင်းခဲ့ပါတယ် ဂျပန်ကို ယူသွားဖို့ အတွက်ပါ 
သူပြန်မယ့် အချိန်မှာ ရှေးဟောင်းဘုရားတွေဖြစ်တာ ကြောင့် နိုင် ငံတော် က 
ပြည်ပ ကိုသယ်ယူသွားခွင့် မ ပေးလို့ ပြန်လှူခဲ့တာပါ 

ဂျပန်လူမျိုးပြန်လှူခဲ့တာနဲ့ ဂျပန်ဘုရား မဖြစ် ပါဘူး 
မြန်မာ ရုပ်ပွားတော်ဟာ မြန်မာ ရုပ်ပွားတော်ပါဘဲ Shwenar Tharlay

Cho Burma မြန်မာနိုင်ငံမှာနေတဲ့ဂျပန်
ကြီးပါ ပန်းလှိုင်ဆေးရုံနားမှာ နေပြီး ဘုရားရုပ်ပွါးတော်
တွေကို စုဆောင်းထားရာက သူ့ရဲ့ဇနီးက accident ဖြစ်ပြီးသေသွားတယ်

အိမ်မက်အရ ဒီဘုရားတွေကို အဲဒီကျောင်းမှာ လာလှူတာလို့ သိရတယ်





















ဘာဘဲဖြစ်ဖြစ် ဂျပန်ကြီးရဲ့
ကောင်းမှုကြောင့် ဘုရား
၃၀၁ ဆူကိုတနေရာထဲမှာဖူးရတာ ကျေးဇူးတင်စရာပါ 

No comments:

Post a Comment