Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 12, 2015

မြို့တော်ခန်းမရှေ့ ဖြစ်စဉ်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့

အစိုးရအပေါ် ဝေဖန်မှုပြင်းထန်ခဲ့သည့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ကျောင်းသားသပိတ် ထောက်ခံသည့် ဆန္ဒထုတ်ဖော်သူများအားလူစုခွဲဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အမှန် မတ်လ ၃၁ ရက်နောက်ဆုံးထားစစ်ဆေးရန် ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းဦးဆောင်သည့် လူပုဂ္ဂိုလ် ငါးဦးပါစုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၁၀ ရက် ရက်စွဲဖြင့် သမ္မတဦး သိန်းစိန်က လက်မှတ်ထိုးဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မတ်လ ၃၁ရက်နေ့ အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရမည်ဟု ပါရှိသည်။ မတ်လ ၅ ရက်က မြို့တော်ခန်းမရှေ့ ကျောင်းသားသပိတ်ထောက်ခံသည့် ဆန္ဒထုတ် ဖော်သူများအား လက်ပတ်အနီဝတ်အရပ်သားအချို့နှင့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်လူစုခွဲကာ ကျောင်းသားငါးဦးနှင့်အရပ်သား သုံးဦးကို ဖမ်းဆီးခဲ့ပြီး နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့်အတူပါလာသည့် လက်ပတ်နီဝတ်အရပ်သားများက ကျောင်းသူအချို့အား ရုပ်ပျက်ဆင်း ဖျက်ဖမ်းဆီးခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူများက အစိုးရကို အပြင်းအထန်ဝေဖန်ခဲ့သည်။
http://7daydaily.com/story/33575#.VQINOeGIXap

No comments:

Post a Comment