မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ် ရေးထိုးဖို့ ၆ ရက်ကြာ ဆွေးနွေးပြီးစ ချိန်မှာပဲ ကချင်ဒေသမှာ တိုက်ပွဲတွေ ပိုဖြစ်နေတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့အထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုအတွင်း အချက် လေးချက်အပေါ် သဘောတူညီမှု မရသေးပဲ ထိပ်ပိုင်းဆိုင်ရာနဲ့ ဆွေးနွေးစရာတွေ ရှိသေးတဲ့အတွက် လာမယ့် မတ်လ ၃၀ ရက်မှပဲ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ၈ ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီးသတ် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
အဲဒီ ဆွေးနွေးမှုမှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ အဖွဲ့လည်း တက်ရောက်ခဲ့ပေမယ့် အခုအခါမှာ ကချင်တပ်ကို မြန်မာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးမှုမတိုင်ခင်မှာ ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်တွေက နေပြည်တော်မှာ သမ္မတ နှစ်ဦးအပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးနောက်ပိုင်း ကချင်တွေအပေါ် ထိုးစစ်ဆင်တာဟာ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
- အစ္စလာမ်စာလုံးကားမှာကပ်လို့ ဖမ်းဆီးတရားစွဲ
- မြန်မာနှင့်လာအို ပြည့်တန်ဆာ ၆၀ ထိုင်းနိုင်ငံတွင်ဖမ်းဆီး
- ဦးဝီရသူကို ကမ္ဘာ့မီဒီယာများက အစွန်းရောက်ဘုန်းကြီးဟုသုံးနှုန်း
- ပဒေါင်အမျိုးသမီးများကို အားကျ၍ လည်ပင်းတွင်ကြေးကွင်းများ ၀တ်ဆင်ခဲ့သည့် အမေရိကန်အမျိုးသမီး
- တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သယံဇာတတွေကို အလုအယက်ရယူနေ
- သပိတ်စစ်ကြောင်းရပ်ဆိုင်းရေး ကျောင်းသားများသဘောထားကွဲလွဲ
- မြန်မာနိုင်ငံသဘာဝရင်းမြစ်များဆုံးရှုံးမှုအတွက် ၄င်းတို့ တွင်တာဝန်မရှိဟု တရုတ်ငြင်းဆို
- မင်းလှမြို့ တွင် ၅၀၀၀ တန်အတု ၂၅ရွက်ကိုင်ဆောင်သူ ဖမ်းဆီးရမိ
- ကမ္ဘာ့ ဈေးအကြီးဆုံးဖိနပ် ၁၀ ရံထဲမှာပါဝင်တဲ့ မြန်မာပတ္တမြား ၆၄၂လုံး
- ကိုးကန့် တိုက်ပွဲ လေတပ်သုံးတိုက်ခိုက်
- တိုက်ပွဲများကြောင့် တပ်မတော်သား ၄၇ ဦးကျ၊ ၇၃ ဦးဒဏ်ရာရ
- ကျဆုံးအစိုးရစစ်သည်များ၏ ပညာရေးအတွက် ဦးတေဇ သိန်းတစ်ထောင်လှူမည်
- ရန်ကုန်မှာ ဘတ်စ်ကားပဲစီးသည့် ကနေဒါသံအမတ်ကြီး ကတော်
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- စွမ်းအားရှင်မရှိဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ယတိပြတ်ငြင်းဆို
- မြန်မာစစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့  တရုတ်ဖိအားပေး
- စွမ်းအားရှင်ပြန်လာပြီလား
- ဖမ်းဆီးခံကျောင်းသား ၅ဦးကို သာယာဝတီပို့ ဆောင်
- ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့ ကိုကူညီသည်ဆိုကာ ရာထူးချခံရသည့် တရုတ်ဗိုလ်မှူးချုပ်
- အမျိုးသားနှစ်ဦးနမ်းနေသည့်ဓာတ်ပုံ လူမှုကွန်ယက်ပေါ်တင်သူ တရားစွဲမည်ဟု မြတ်သူကျော်ဆို
No comments:
Post a Comment