ဒီညဈေးတန်းဟာ Liaoling အရပ် ဒေသမှာရှိတဲ့ ရှန်ယန်းမြို့မှာ တည်ရှိ ပါတယ်။ ဒီညဈေးတန်းဟာ အာရှတိုက်ရဲ့ ထင်ရှားတဲ့ နေရာတစ်ခု အဖြစ် သတ်မှတ်ခြင်းခံထားရပါ တယ်။ ဒီညဈေးတန်းမှာ အစားအသောက် မျိုးစ ကိုလည်း ရရှိနိုင်ပါတယ်။ ပူနွေးတဲ့ အစားအစာတွေ ကိုလည်း လတ်ဆတ်စွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ ရိုးရာ အ၀တ်အစားတွေ ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီညဈေးတန်းမှာ ဈေးရောင်းသူ အချို့ဟာ လှပတဲ့ ရောင်စုံမီးတွေ အောက်မှာ ရိုးရာ အ၀တ်အစားတွေ ၀တ်ဆင်ထားတာမို့ ကမ္ဘာလှည့် ခရီးသည်တွေ အတွက် အမြင် တစ်မျိုးဆန်းစေခဲ့ပါတယ်။ ရှန်ယန်းညဈေး တန်းဟာဝူအန်းဈေးနဲ့ ဆက်စပ်ပြီး တည်ရှိနေတာ ဖြစ်ပါတယ်။ ၀ူအန်းဈေးဟာ (၁၉၈၃) မှာ စတင် ဆောက် လုပ်ခဲ့ခြင်း ဖြစ်ပြီး အ၀တ်အစားတွေ၊ အသုံးအဆောင် ပစ္စည်းတွေ၊ အလှကုန် ပစ္စည်းတွေ၊ နောက်ဖေး မီးဖိုချောင် ပစ္စည်းတွေကို အဓိက ရောင်းချပေး နေတဲ့ ဈေးကြီးလည်း ဖြစ်ပါတယ်။ ဒီဈေးနဲ့ပတ် သက်ပြီး ရောင်းဝယ် ဖောက်ကားသူတွေဟာ တစ်နှစ်ကို ဒေါ်လာ သန်း(၃၀)လောက် အကျိုးအမြတ် ရရှိနေတယ်လို့ ဆိုထားပါတယ်။ ရှန်ယန်းညဈေးတန်းဟာ လာရောက် သူတွေကို အမြင်တစ်မျိုး ဆန်းစေတာမို့ အမြဲတမ်း စည်ကားလေ့ ရှိနေတယ်လို့ သိရပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=34200
- အီကွေဒေါအလှမယ် အဆီစုပ်ယူခွဲစိတ်ကုသမှုခံယူစဉ်သေဆုံး
- ဘာလင်လူနာ HIV ပိုးကိုပထမဆုံးကုသပျောက်ကင်းသွားသော ပထမဆုံးလူနာဖြစ်လာ
- IS ရန်ကြောင့် မိုင် ၆၀၀ရှည်သည့် အဆင့်မြင့်နည်းပညာသုံး တံတိုင်းတစ်ခု တည်ဆောက်ရန်ဆော်ဒီစီစဉ်
- စွန့် ပစ်ခံရထားရသည့်ရုရှားကလေးငယ်တစ်ဦးကို ကြောင်မကြီးတစ်ကောင်ကူညီစောင့်ရှောက်
- မိမိပြုသောကောင်းမှုမိမိဆီပြန်လာတယ်ဆိုတာသက်သေပြသွားတဲ့ထိုင်ဝမ်အမျိုးသားတစ်ဦး
- မှန်ပြားတီဗီကိုစကပ်အောက်ထဲထည့်ခိုးသွားတဲ့အမျိုးသမီး
- ဇွန် ၃၀ တစက္ကန့် ပိုရှည်ခြင်းကြောင့် ကွန်ပြူတာစနစ်များရှုပ်ထွေးသွားနိုင်
- ISIS ခေါင်းဆောင်က အောင်ပွဲမရသည့်တပ်ဖွဲ့ ဝင် ၅၆ယောက်ကိုကွပ်မျက်ခဲ့
- ကေပေါ့အဖွဲ့ သားများနှင့်ပွေ့ ဖက်ခဲ့သည့်မလေးရှားမှ မိန်းကလေးများ အဖမ်းခံရမည့် အန္တရယ်ကြုံတွေ့ 
- ဥရောပငြိမ်းချမ်းရေးဆုဇကာတင် မြန်မာပါဝင်
- နှင်းဆီပွင့် ၉၉၉၉၉ပွင့်နဲ့ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်း
No comments:
Post a Comment