CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 11, 2015
တရုတ် ကလေးငယ်တွေ အွန်လိုင်းကနေ ရောင်းစားခံနေရ
စီချွမ်ပြည်နယ်မှာ မှောင်ခိုသူတွေ လက်ထဲကနေ ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ ကလေးတစ်ဦးကို ဆေးရုံကို ခေါ်လာစဉ်
တရုတ်နိုင်ငံမှာ ကလေးငယ်တွေကို အွန်လိုင်း ပေါ်ကနေ ကြော်ငြာပြီး အရောင်းအဝယ် လုပ်နေကြတဲ့ ပြဿနာကို ဘီဘီစီရဲ့ စုံစမ်း စစ်ဆေးမှု တစ်ခုက မီးမောင်း ထိုးပြထားပါတယ်။
အွန်းလိုင်း ပေါ်က ကြော်ငြာ တစ်ခုထဲမှာ ဆိုရင် ၈ လ သမီးအရွယ် ကလေးမလေးကို ဒေါ်လာ ၃သောင်းနဲ့ ရောင်းဖို့ ကြော်ငြာ ထားတာ တွေ့ရပါတယ်။
ကလေးတွေ မှောင်ခိုကူး ခံရမှုတွေကို တရုတ် ရဲတွေက တားဆီးဖို့ ကြိုးပမ်းနေတဲ့ ကြားက ကလေးတွေကို မွေးစားဟန် ပြပြီး တချို့က အခုလို အရောင်းအဝယ် လုပ်နေကြတာပါ။
တရုတ်နိုင်ငံမှာ ကလေးတွေကို မွေးစားဖို့ ကြော်ငြာတာကို တရားဝင် ခွင့်ပြု ထားပေမယ့် ရောင်းတာကိုတော့ ပိတ်ပင်ထားပါတယ်။
တရုတ်နိုင်ငံမှာ တစ်နှစ်ကို ကလေးငယ်ပေါင်း နှစ်သောင်းလောက် နှစ်စဉ် ပြန်ပေးဆွဲ ခံနေရတယ်လို့ ခန့်မှန်းရပြီး အတော်များများက ပြန်လည် ရောင်းစားတာ ခံနေကြရပါတယ်။
ကလေး လူမှောင်ခို ကူးသူတွေ အနေနဲ့ ကွပ်မျက် စီရင် အပြစ်ပေးမှုတွေ ခံရနိုင်ပေမယ့် ကလေးတွေကို ငွေပေး ဝယ်သူတွေ အပေါ်မှာလည်း တင်းကျပ်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်လို့ ကလေး မှောင်ခိုကူးမှု ပပျောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ပုံစာ- စီချွမ်ပြည်နယ်မှာ မှောင်ခိုသူတွေ လက်ထဲကနေ ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ် တစ်ဦးကို ဆေးရုံကို ခေါ်လာစဉ်။
BBC Burmese
http://www.bbc.co.uk/burmese
Related Post
- Next ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်ခြင်းသည် သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိတွေအားလုံးနှင့် ဆန့်ကျင်နေကြောင်း ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot ပြောကြား အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot က လက်ပံတန်းမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများနှင့် သံဃာတော်များအပြင် ဂျာနယ်လစ်များကိုပါ အကြမ်းဖက် ဖြိုခွဲမှုများ ချက်ချင်း ရပ်တန့်ရန် မတ်လ ၁၀ရက်နေ့က တောင်းဆိုခဲ့သည်။
- Previous ငမွဲအဖြစ်အား ရပ်တန့်ခြင်း (၁)

တရုတ် ကလေးငယ်တွေ အွန်လိုင်းကနေ ရောင်းစားခံနေရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 11, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment