Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 17, 2015

ပြည်ထဲရေးဌာန တာဝန်များခွဲပေးရန် ရှိမရှိ မေးခွန်းကို ဒု-ဝန်ကြီးဖြေကြားချက် လွဲနေ၍ လွှတ်တော်ဥက္ကဋ္ဌ ကြားဝင်ရှင်းပြခဲ့ရ

နေပြည်တော် (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်အချို့ ခွဲဝေပေးရန် ရှိမရှိ မေးမြန်းမှုကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေကြားချက် လွှဲချော်နေ၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြားဝင်ရှင်းပြခဲ့ရသည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေး ၂၈ ရက်နေ့ အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်မေးမြန်းသောမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို မေးခွန်းမေးမြန်းရာ၌ ထိုသို့ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသက်က “ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသော်လည်း လုပ်ငန်းဆောင်တာ များပြားလှသည့်အတွက် တာဝန်များခွဲဝေပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတို့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသော်လည်း  ပြည်သူ့ အကျိုးသယ်ပိုးရာတွင် အထက်အမိန့် အဆင့်ဆင့် နာခံနေရသောကြောင့် လုပ်ငန်းအောင်မြင်မှု နှောင့်နှေးမှုများ မရှိရလေအောင် သက်ဆိုင်ရာ ဦးစီးဌာနများအား ဖွဲ့စည်းပုံချဲ့ကာ အာဏာခွဲဝေ သုံးစွဲနိုင်စေရန် ရည်ညွန်း မေးမြန်းခြင်းဖြစ်သော်လည်း ဒု-ဝန်ကြီး၏ အဖြေမပြည့်စုံသည့်အတွက် ထပ်ဆင့်မေးမြန်းခဲ့သည်။
ဒု-ဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ အနေဖြင့် ဦးစီးဌာန အလိုက် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျေပွန်စွာ တာဝန်ထမ်းဆောင်နေမှုများကို အကျယ်တဝင့် ရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်းဖြစ်သော “ အဓိက ကျွန်တော်သိချင်တာက အောက်ခြေမှာ ဒီအဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ မနိုင်ဝန်ကာ ဖြစ်နေပါတယ် အဓိက ကျွန်တော်သိချင်တာက အောက်ခြေမှာ ဒီအဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ တာဝန်တွေ သိပ်များ လွန်းအားကြီးနေတယ်၊ မတန်ရန်ကာ ဖြစ်နေတယ်၊ ဝန်ကြီးဌာနအနေနဲ့ရော တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ရော ဒီတာဝန်တွေ ဘယ်လို လျော့ပေါ့ခဲ့မယ်၊ ဘယ်လိုခွဲဝေကြမယ် ဆိုတာ ကျွန်တော် သိချင်တာပါ” ဟု ထပ်ဆင့်မေးမြန်းခဲ့သည်။
သို့ရာတွင် ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က “ကျွန်တော်မြင်တာကတော့ ကိုယ်စားလှယ်မေးတဲ့ မေးခွန်းသည် အုပ်ချုပ်ရေးပိုင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တာဝန်ဝတ္တရားကို နည်းနည်းလေးရောထွေးပြီးတော့ မေးတယ်လို့ ကျွန်တော် အနေနဲ့ သုံးသပ်မိပါတယ်” ဟု ဆိုသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံများနှင့် ပေးအပ်ထားသော ရာထူးများအပြင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများသည်လည်း ပြည်သူများက ရွေးချယ်တင်မြောက်ထားခြင်း ဖြစ်ကြောင်းဒု-ဝန်ကြီးက ဖြည့်စွက်ပြောသည်။
ထပ်ဆင့်မေးခွန်းအား ဒု-ဝန်ကြီးဖြေဆိုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က “ခရိုင်မြို့ဆိုရင် တစ်ခုနဲ့တစ်ခု မတူပါဘူး၊ အရေးကြီးတဲ့ ခရိုင်ဆိုရင် ညွန်ကြားရေးမှူးအဆင့်လောက်ထားပြီး သူ့ အောက်မှာ ဒု-ညွန်၊ လက်ညွန်တွေ၊ ဦးစီးအရာရှိတွေနဲ့ ဖွဲ့စည်းပုံတွေချဲ့ပေးလိုက်မယ်ဆိုရင် သူ့လုပ်ငန်းလုပ်ရတာ အဆင်ပြေသွားမယ်၊ မြို့နယ်လည်း အလားတူပဲ၊ အရေးကြီးရင်ကြီးသလို မြို့နယ်ကြီးရင် ကြီးသလို ဒု-ညွန်ထားသင့်ရင်ထားရမယ်၊ သူ့အောက်မှာ လက်ညွန်တွေ ဦးစီးအရာရှိတွေပေါ့၊ လက်ညွန်ပဲထားတယ်ဆိုရင် ဒုဦးစီးတွေ အရာရှိတွေ ဒါကထွေအုပ်တစ်ခုထဲကိုပြောတာပါ၊ ဒီလိုမေးတာလို့ယူဆ တယ်” ဟု ဝင်ရောက် ဖြေရှင်းပေးသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် တာဝန်မကျေပွန်ပဲ ဟိုဝင်ရှုပ်၊ ဒီဝင်ရှုပ်လုပ်နေသည်ဟု မဆိုလိုဘဲ လုပ်ငန်းတာဝန်များပြားသည့်အတွက် တစ်ထိုင်တည်း တစ်နေရာတည်းမှာပင် ဆုံးဖြတ်နိုင်ရန် အာဏာခွဲဝေပေး လိုက်ပြီး ဖွဲ့စည်းပုံချဲ့လိုက်ပါက လုပ်ငန်းဆောင်ရွက်မှု ပိုမိုအဆင်ပြေလာနိုင်ကြောင်းကို ဆိုလိုသည်ဟု ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက “အဲ့ဒီဝန်ထမ်းတွေ နိုင်နင်းဖြစ်ဖို့ဆိုရင် Rate တွေမြင့်သင့်ရင်မြင့်ပါ၊ သူ့ကို အကူအညီပေးမယ့် လက်ထောက်တွေက မြို့ကြီးရင် ကြီးသလို စက်ရုံအလုပ်ရုံ ကျောင်းတွေများရင် များသလို အခြေအနေပေါ်မူတည်ပြီးတော့ပေါ့ ဖွဲ့စည်းပုံကို အထူးမြို့တွေ အဲ့လိုဆိုလို့တဲ့ သဘောဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ရှင်းပြခဲ့ရသည်။
Written by  အောင်သူရထွန်း
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41334-2015-03-17-16-10-02

No comments:

Post a Comment