Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2015

အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်


အေသင်အောင်
                မော်လ်ဒိုဗာနိုင်ငံ၊ ချင်ဆူနာမြို့မှာ နေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးဟာ ဇနီး ဖြစ်သူ သူငယ်ချင်းကို ချစ်တင်းနှောဖို့ ကြံစည် နေစဉ်မှာ တန်ဆာ ကိုက်ဖြတ်ခြင်း ခံလိုက်ရ တာကြောင့်  ဆေးရုံကို ပို့ဆောင်ပြီး ကုသမှု ပြုလုပ်ခဲ့ရ တယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။
                အသက် (၄၉) နှစ်ရှိပြီဖြစ်တဲ့ မာရီယာဟာ ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း အပေါင်းအပါ တွကို ခေါ်ယူပြီး ပျော်ပွဲစား ထွက်ခဲ့ကြပါ တယ်။ ဒါပေမဲ့ မာရီယာဟာ ပစ္စည်း တစ်ခု မေ့ကျန်ခဲ့ တာကြောင့် နေအိမ်ကို သူငယ်ချင်း ဖြစ်သူ အချို့ကို ခေါ်ယူပြီး ပြန်ယူခဲ့ ပါတယ်။ ဒီအချိန်မှာ အသက် (၅၃)နှစ် အရွယ်ရှိ ခင်ပွန်း ဖြစ်သူ ဖလိုရင်နဲ့ အသက် (၂၄) နှစ် အရွယ်ရှိ အမျိုးသမီး သူငယ်ချင်း တစ်ဦးသာ ကျန်ခဲ့ပါတယ်။ မာရီယာဟာ နေအိမ်မှာ ပစ္စည်း ပြန်ယူပြီး အပန်းဖြေ နေရာကို ရောက်တဲ့အခါ ခင်ပွန်းဖြစ်သူ ဖလိုရင်ကို ဒဏ်ရာတွေနဲ့ လဲကျနေတာ တွေ့ခဲ့ရပါတယ်။ ဖလိုရင ဟာ နာကျင်နေ တာကြောင့် အော်ဟစ်ပြီး ဆေးရုံကို ပို့ဆောင်ပေးဖို တောင်းဆိုခဲ့ပါ တယ်။ ဖလိုရင်ဟာ သူ့ရဲ့တန်ဆာကို ကိုင်ဆုပ် ထားပြီး ဆေးရုံကို အမြန်ပို့ပေးဖို့သာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မာရီယာဟာ သူ့ရဲ့ခင်ပွန်း ဖြစ်သူဟာ သူငယ်ချင်းဖြစ်သူကို ချစ်တင်းနှောဖို့  ကြိုးစားရာကနေ တန်ဆာ ကိုက်ဖြတ်ခံလိုက်ရ တာကို သိရှိခဲ့ပေမယ့် နားလည် ခွင့်လွှတ်ပြီး ဆေးရုံကား ခေါ်ဆောင်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ မာရီယာက မိမိခင်ပွန်းသာမက ယောက်ျားတိုင်း ဒီလို ကိစ္စမျိုး ရှိတတ်ကြောင်း၊ သို့သော်လည်း ဆေးရုံကားကို အလောတကြီး မဟုတ်ဘဲ ဖြေးဖြေးမှန်မှန်သာ ခေါ်ယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
                ဖလိုရင်ဟာ အမျိုးသမီး တစ်ဦးကို စော်ကားရန် ကြံစည်ခဲ့တာကြောင့် ဆေးရုံက ဆင်းလာ ပါက စွဲချက်တင်ခံရမှာ ဖြစ်ပြီး အပြစ် တွေ့ရှိပါက ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရ ဖွယ်ရှိနေ ပါတယ်။ ဖလိုရင်ဟာ ခဏတာ ပျော်ရွှင်လို တာကြောင့် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ဇနီး ဖြစ်သူကို ရှင်းပြခဲ့ ပါတယ်။ ဖလိုရင်ရဲ့ စော်ကားရန် ကြိုးစားမှုကို ခံလိုက်ရတဲ့ အမျိုးသမီးဟာ အန္တရာယ်က လွတ်မြောက်ဖို့ ဒီနည်းလမ်းသာရှိ တာကြောင့် ပြုလုပ်ခဲ့ ရခြင်း ဖြစ်ကြောင်း ပြောကြေားခဲ့ ပါတယ်။ ဇနီးဖြစ်သူ မရှိခိုက် ရတဲ့ အချိန်မှာ ဖောက်ပြန်ဖို့ ကြိုးစားတဲ့ ခင်ပွန်းဟာ တန်ဆာ ကိုက်ဖြတ်ခံရ ခြင်းသာ အဖတ်တင်ခဲ့ တယ်လို့ ဆိုရာမှာ ဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=34023

No comments:

Post a Comment