လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက မနေ့ကဖြိုခွဲပြီးနောက် ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။အဖမ်းခံထား ရတဲ့ ကျောင်းသားတွေရဲ့မိဘတွေက သာယာဝတီထောင်ရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် သားသမီးတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်းက… သမီးဖြစ်သူရဲ့လုပ်ရပ်အပေါ်မှာထောက်ခံတဲ့အကြောင်းနဲ့၊ အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ကို ပြန်လွှတ်ပေး ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ မနေ့က ဖမ်းဆီးသွား တဲ့ကျောင်းသား တွေကို သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
မစန်းမော်အောင်က တင်ပြခဲ့တာပါ။ တချိန်တည်းမှာပဲ ဖမ်းဆီးထားသူတချို့ကို ပြန်လွှတ်ပေးမယ့်အကြောင်း မတ်လ (၁၁)ရက် ဒီကနေ့ညနေပိုင်းမှာ အစိုးရက ကြေညာလိုက်ပါတယ်။ ထိန်းသိမ်းထားသူတွေ ကို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပြီး အမှန်တကယ် ပညာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူတွေကို သက်ညှာသော အားဖြင့် သက်ဆိုင်ရာမိဘတွေလက်ထဲ ပြန်လည်အပ်နှံမယ့်အကြောင်း၊ ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေ၊ တိုင်းပြည် မငြိမ် မသက်ဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူတွေ၊ အားပေးအားမြောက်ပြုသူတွေကိုတော့ တည်ဆဲဥပဒေတွေအရ အရေးယူသွားမယ့်အကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက် ပါတယ်။
RFA Burmese
No comments:
Post a Comment