အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် ၏ အုတ်ဂူသည်
တီကရစ်မြို့ အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် အားလုံးနီးပါး
ပြိုပျက် သွားခဲ့ကြောင်း သိရသည်။
အယ်လ်အော်ဂျာ ကျေးရွာတွင် တည်ရှိသည့် ဆက်ဒမ်ဟူစိန်၏ အဆိုပါ အုတ်ဂူသည် အီရတ်တပ်ဖွဲ့ဝင် များနှင့် ရှီးယိုက် ပြည်သူ့စစ် အဖွဲ့က ISIS စစ်သွေးကြွ များကို တီကရစ်မြို့မှ ပြန်လည် မောင်းထုတ် နိုင်ရေးအတွက် ပြုလုပ်သည့် တိုက်ခိုက်မှုတွင် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆောက်အအုံ၏ တိုင်များသာ ကျန်ရစ်တော့ကြောင်း သတင်းဌာန တစ်ခုမှ ပြောကြားသည်။
ဆက်ဒမ်ဟူစိန် ၏ အုတ်ဂူပြိုပျက် ရခြင်းသည် အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင် များက အဆိုပါမြို့အား နှစ်ရက်အတွင်း ပြန်လည် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းသည့် အနေဖြင့် မတ် ၁၅ ရက်က မြို့တောင်ပိုင်း နှင့် မြောက်ပိုင်း အတွင်း ပြုလုပ်သည့် ပြင်းထန်သော ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း ပြိုပျက်ခဲ့ခြင်း ဖြစ်သည်။
အီရတ် သတင်းမီဒီယာ ၏ ပြောကြားချက် အရ ISIS စစ်သွေးကြွ များနှင့် အီရတ်တပ်ဖွဲ့ဝင် များကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုတွင် ဆက်ဒမ်ဟူစိန် ၏ အုတ်ဂူပြိုပျက် သွားမည်ကို စိုးရိမ်ပူပန် မှုကြောင့် ဆက်ဒမ်ဟူစိန် ၏ သစ္စာခံများက ၄င်း၏ ရုပ်အလောင်း အကြွင်းအကျန်ကို ၂ဝ၁၄ ခုနှစ်က အခြားနေရာ တစ်နေရာသို့ ပြောင်းရွှေ့ ထားခဲ့ကြောင်း သိရသည်။
Saddam Hussein's tomb destroyed as battle for Tikrit rages
#PyiChitThar

No comments:
Post a Comment