Tuesday, March 17, 2015
ကမ္ဘာ့ပထမဆုံး အမျိုးသားလိင်အင်္ဂါ အစားထိုးကုသမှု အောင်မြင်ခဲ့သူသည် ခွဲစိတ်မှု ခံယူပြီး သီတင်းပတ် ၅ ပတ် အကြာ၌ လိင်ဆက်ဆံမှု ပြန်လုပ်နိုင်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တောင်အမေရိကနိုင်ငံ ကိတ်တောင်းမြို့ရှိ စတာလင်ဘော့ခ်ျတက္ကသိုလ်နှင့် တိုင်ဂျာဘတ်တက္ကသိုလ်တို့မှ ခွဲစိတ်ကုဆရာဝန်များ ပူးပေါင်းကာ ၉နာရီကြာ အစားထိုးကုသမှု လုပ်ခဲ့ကြပြီး ဆရာဝန်များ၏ သတ်မှတ်ချိန်ထက် စော၍ လိင်ဆက်ဆံနိုင်ခြင်းဖြစ်သည်။
တောင်အမေရိကနိုင်ငံရှိ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးမှာ လွန်ခဲ့သည့် ၃နှစ်က ယုံကြည်မှု ထုံးတမ်းအစဉ်အလာအရ လိင်အင်္ဂါထိပ် အရေပြား လှီးဖြတ်မှု ခံယူခဲ့ရာတွင် မှားယွင်းခဲ့ခြင်းကြောင့် ၎င်း၏ လိင်အင်္ဂါမှာ ၁ စင်တီမီတာ အရှည်သာ ကျန်ရှိခဲ့သည်။ ဦးနှောက် သေပြီးနောက် ခန္ဓာကိုယ် အစိတ်အပိုင်းများ လှူဒါန်းခဲ့သူ တစ်ဦး၏ လိင်အင်္ဂါဖြင့် ၎င်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အစားထိုး ကုသမှု လုပ်ခဲ့ပြီး ဆရာဝန်များက ၂၀၁၆ခုနစ် ဒီဇင်ဘာလမှသာ အစားထိုးထားသည့် လိင်အင်္ဂါ ပုံမှန်အလုပ်လုပ်နိုင်မည်ဟု သတ်မှတ်ခဲ့ကြသော်လည်း သတ်မှတ်ချိန်ထက်စော၍ လိင်အင်္ဂါ အလုပ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အစားထိုးကုသမှုကို ဦးဆောင်ခဲ့သော ပါမောက္ခ ဂရာဝီက ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းသူများမှာ သူရဲကောင်းများဖြစ်ပြီး ၎င်းတို့ကြောင့် အသက်ဆက်ရှင်ခွင့် ရနေသူ အများအပြားရှိကြောင်း ပြောသည်။
တောင်အမေရိက နိုင်ငံသား၏ အစားထိုး ကုသမှု မတိုင်မီ တရုတ်နိုင်ငံသား တစ်ဦးမှာ လိင်အင်္ဂါ အစားထိုးကုသမှု ခံယူခံပြီး ခွဲစိတ်ကုသမှု အောင်မြင် သော်လည်း သီတင်းပတ် ၂ပတ်အကြာတွင် ယင်းအင်္ဂါကိုပြန်လည် ထုတ်ပယ်ခဲ့ဖူး ကြောင်း ဒေးလီးမေးလ်က ဆက်လက်ဖော်ပြထားသည်။
တောင်အမေရိက နိုင်ငံသား၏ အစားထိုး ကုသမှု မတိုင်မီ တရုတ်နိုင်ငံသား တစ်ဦးမှာ လိင်အင်္ဂါ အစားထိုးကုသမှု ခံယူခံပြီး ခွဲစိတ်ကုသမှု အောင်မြင် သော်လည်း သီတင်းပတ် ၂ပတ်အကြာတွင် ယင်းအင်္ဂါကိုပြန်လည် ထုတ်ပယ်ခဲ့ဖူး ကြောင်း ဒေးလီးမေးလ်က ဆက်လက်ဖော်ပြထားသည်။
Nz ရိုးရာလေး
No comments:
Post a Comment