ဓာတ်ပုံ – dailynews |
ဖမ်းဆီးတဲ့ တရားမ၀င် အလုပ်သမား ၁၀၀ ထဲမှာ မြန်မာ အလုပ်သမား အများစုဖြစ်ပြီး ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ချွန်းပူရီခရိုင် ဒုရဲမှူး နိုင်းတလိုင်းလုန်ဖျူဖန်းကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၈ ရက် မနက်ပိုင်းက ဘန်လမုံးမြို့ နောင်ပလီရပ်ကွက်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ရဲတပ်ဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူစစ် ၁၅၀ ခန့်က ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
၁၀ ဧကကျော် ကျယ်တဲ့ ဆာက်လုပ်ရေးအလုပ်သမားဝင်းထဲကို အုပ်စု ၅ စုခွဲပြီး တရားမ၀င် အလုပ်သမားတွေ ရှာဖွေစစ်ဆေးရာမှာ တချို့က အနီးက တောအုပ်ထဲကို ထွက်ပြေးသွားတယ်လို့ သတင်းမှာ ရေးပါတယ်။
ကျန်တဲ့ အလုပ်သမား ၁၀၀၀ ကျော်ကို သက်သေခံအထောက်အထား၊ အလုပ်သမား ကတ်တွေ စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမတိုင်ခင်က ဒီအလုပ်သမားဝင်းထဲမှာ တပတ်အတွင်း ၃ ကြိမ်တိတိ မြန်မာ နဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကြား ရန်ဖြစ်ခဲ့တဲ့ အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဒီဖြစ်ရပ်ကြောင့် အနီးနားပတ်ဝန်းကျင်နေထိုင်တဲ့သူတွေက စိုးရိမ်ကြောင့်ကြ လုံခြုံမှု မရှိသလို ခံစားနေရတဲ့အတွက် ခုလိုဝင်ရောက်စီးနင်းရတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားအချင်းချင်းကြား ပြန်လည်သင့်မြတ်ပြီး စည်းစည်းလုံးလုံးနေဖို့နဲ့ နောင်မှာ ရန်ဖြစ်မယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အလုပ်သမားတွေကို ဒုရဲမှူးက ပြောဆိုခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- သေဆုံးသွားတဲ့ ဇနီးအလောင်းနဲ့အတူ (၁၁) နှစ်လုံးလုံး အတူအိပ်ခဲ့တဲ့ ဗီယက်နမ်က အမျိုးသား
No comments:
Post a Comment