အာဖဂန်နစ္စတန်နိုင်ငံလို့ ဆိုလိုက်ရင် စစ်ပွဲတွေနဲ့ အမေရိကန်စစ်သားတွေကို
အရင်မြင်ယောက်လိုက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်ဟာ ယနေ့ခေတ်မှာ
စီးပွားရေးအရ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံး နေရာဖြစ်တယ်ဆိုတာကို
စကားပြန်အဖြစ်ကနေ မီလျံနာဖြစ်သွားတဲ့ ဖာရှီမိုင် သက်သေပြနေပါတယ်။
ဖာဟင်ဟာရှီမိုင်ဆိုသူဟာ အရင်ကတော့ အာဖဂန်မှာ အင်္ဂလိပ်စာသင်တဲ့
လူငယ်ဆရာတစ်ယောက်ဖြစ်ပြီး သူဟာနည်းပါးတဲ့ဝင်ငွေနဲ့ စက်ဘီးပဲ
ဝယ်စီးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်ကို အမေရိကန်တပ်တွေ
ရောက်လာပြီးနောက်ပိုင်း အမေရိကန်စစ်တပ်မှာ စကားပြန်အလုပ်ရခဲ့ပါတယ်။
အဲဒီကစလို့ ဟာရှီမိုင်ရဲ့ ဘဝဟာ ပြောင်းလဲသွားခဲ့ပြီး အခု ၃၅ နှစ်အရွယ်မှာ
ဟာရှီမီဆိုတဲ့ ကုမ္ပဏီကိုကြီး ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ တစ်နှစ်ဝင်ငွေ
ဒေါ်လာ သန်း ၂၀၀ လောက်ရနေပြီး အာဖဂန်မှာ ဒုတိယအကြီးဆုံး ရုပ်သံလိုင်းကိုလည်း
ပိုင်ဆိုင် ထားသူဖြစ်လာပါတယ်။ တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခုလည်း
ပိုင်ဆိုင်ထားပါသေးတယ်။
သူ့ကို၉/၁၁ မီလျံနာ လို့ခေါ်ရတာကတော့
အမေရိကန် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကို အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက်
အမမေရိကန်တပ်တွေ အာဖန်အပါအဝင် အရှေ့အလယ်ပိုင်းကို ဝင်လာခဲ့ရာက သူ့ရဲ့
စီးပွားရေး စတင်ဖြောင့်ဖြူး လာတဲ့အတွက်ဖြစ်ပါတယ်။
‘‘ ဒီမှာ
အတော်များများက အင်္ဂလိပ်စကား မပြောကြဘူး။ ကျွန်တော်ကံကောင်းခဲ့တာလည်း
ဖြစ်ပါတယ်။ ဒါပေမယ့် တနေ့ဒီလိုဖြစ်ရမယ်ဆိုတဲ့ အတွေးလည်း အမြဲရှိခဲ့တယ်။
အလုပ်ကိုကြိုးကြိုးစားစား အရင်လုပ်ဖို့ တော့ လိုတာပါပဲ။
၂၀၀၅
ခုနှစ်လောက်က စတင်လိုက်တဲ့ သူ့ရဲ့အပြောင်းအလဲတွေဟာ အခုဆိုရင်
မမှတ်မိလောက်တော့အောင် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အခုလက်ရှိ
အာဖဂနစစ်တပ်ကို စစ်ဖိနပ်နဲ့ လောင်စာတွေ ထောက်ပံ့ပေးဖို့
စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ဟာရှီမိုင်ပြောတာကတော့ အာဖဂန်ဟာ
လက်ရှိအချိန်ထိ အောင်မြင်တဲ့ စီးပွားရေးလုပ်ချင်သူတိုင်းအတွက် ၁၀၀
ရာခိုင်နှုန်း အခွင့်အလမ်းရှိနေတဲ့ နေရာ ဖြစ်တယ်ဆိုတာပါပဲ။
PlanetMyanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 26, 2015
စစ်ပွဲများကြောင့် စကားပြန်ဘဝမှ မီလျံနာဖြစ်လာသူ
စစ်ပွဲများကြောင့် စကားပြန်ဘဝမှ မီလျံနာဖြစ်လာသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment