Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 22, 2015

မြန်မာနိုင်ငံ၏ ဦးခေါင်းတည့်တည့် နေရောက်ကာ ခရမ်းလွန်ရောင်ခြည်ညွှန်း ကိန်း အမြင့်ဆုံးဖြစ်မည်

မြန်မာနိုင်ငံ၏ ဦးခေါင်းပေါ် တည့်တည့်သို့ မတ်လ ၂၁ရက်တွင် နေရောက်ရှိကာ မြန်မာနိုင်ငံ တောင်ဖက်အ စွန်ဆုံး ကော့သောင်း နှင့် မြောက်ဖက်အစွန်ဆုံး မြစ်ကြီးနားမြို့တို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့် အလွန်အမြင့်ဆုံး အဆင့်အထိ ရောက်ရှိမည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က မဇ္ဈိမကို ပြောသည်။
"နေက မြောက်ဝင်ရိုးစွန်းကို မတ် ၂၁ရက်နေ့မှာ ကျရောက်မယ်၊ အဲဒီတော့ တိုက်ရိုက် ခရမ်းလွန်ရောင်ခြည် ကို ခံစားရမှာက ကချင်းပြည်နယ် ဖြစ်တယ် နေရောင်က မြန်မာပြည်ရဲ့ဦးခေါင်းတည့်တည့်ပေါ် ကျရောက် မှာဆိုတော့ တစ်လလောက် ကချင်ပြည်နယ်က ပူမယ်"ဟု ဦးထွန်းလွင်က ဆိုသည်။
ကော့သောင်းတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံး (၁၄.၀)ရှိနေပြီး၊ မြစ်ကြီးနားတွင်မူ ခရမ်း လွန်ရောင်ခြည်အညွှန်းကိန်း အနည်းဆုံး(၁၀.၄)ရှိနေသည်ဟု ဦးထွန်းလွင်က ဆိုသည်။ ယင်းအပြင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့နိုင်သည့် ကချင်ပြည်နယ်တွင် ခရမ်းလွန်ရောင်ခြည် အလွန်အမြင့်ဆုံး အညွှန်းကိန်း ၁၉ အထိ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံအတွင်း ဧပြီလအထိ အပူချိန် ဆက်မြင့်နိုင်မည်ဟု ဦးထွန်းလွင်က ခန့်မှန်းထားသည်။
လက်ရှိတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းကို သတ်မှတ်ချက် ၈၏ အထက် အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည် သတ်မှတ်ချက် ၈အထက်ရှိပြီး ၁၀ အထက်ကို အန္တရယ်ရှိသည့်အဆင့် (very high) ၊ ၁၁ အထက်ကို လွန်ကဲအဆင့် (extreme) ဟုသတ်မှတ်ထားသည်။
ခရမ်းလွန်ရောင်ခြည် သတ်မှတ်ညွှန်းကိန်းထက် များသောကြောင့် ပြည်သူများအနေဖြင့် နံနက် ၁၁နာရီ မှ ၃နာရီ အတွင်း နေပူထဲသို့ သွားပါက ထီး၊ ဦးထုတ်စသည့် အကာအကွယ်ပါမှသာ သွားလာသင့်သည်ဟု လည်း ၎င်းက အကြံပြုထားသည်။
နေရောင်အောက်သို့ အကာအကွယ်မဲ့ သွားလာပါက အရေးပြား နေလောင်ခြင်း၊ မျက်စိထိခိုက်ခြင်းများ အပြင် အရေပြား ကင်ဆာဖြစ်နိုင်ခြင်း၊ DNA ပျက်ဆီးနိုင်ခြင်း၊ သားသမီးမရနိုင်ခြင်းတို့ ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။
ခင်မြတ်မြတ်ဝေ - mizzima

No comments:

Post a Comment