မြေယာအဓမ္မသိမ်းတဲ့ ခရိုနီသူဌေး အကြောင်းဇာတ်လမ်းဖွဲ့
ရိုက်ထားတဲ့ “လူကြီးမင်းခင်ဗျား” ရုပ်ရှင်ဇာတ်ကားကြီးကို
မြန်မာပြည်တွင်းက ရုပ်ရှင်ရုံကြီးတွေမှာ မတ်လ ၂၀ ရက်နေ့ကစပြီး
ရုံတင်ပြသမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ အကယ်ဒမီ ညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာ မောင်သီလ၊ သြရသက ရိုက်ကူးပြီး ပြေတီဦး၊ ၀တ်မှုံရွှေရည်၊ ညီထွဋ်ခေါင်၊ ချမ်းမီမီကိုနဲ့ ၀ါရင့် မင်းသားကြီးတွေဖြစ်တဲ့ အောင်လွင်၊ ဇင်ဝိုင်း၊ ဇော်ဦး တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဘိုးဘွားရိပ်သာမြေနေရာကို ခရိုနီသူဌေးတဦးက စီမံကိန်းအကြောင်းပြ သိမ်းယူခဲ့ပြီး ခရိုနီသူဌေးသမီး (၀တ်မှုံရွှေရည်) ရဲ့ ချစ်သူ မိဘမဲ့ (ပြေတီဦး) က ရိပ်သာအတွက် ကာကွယ်တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း လွင်မင်းအံ့က ၀တ္ထုဇာတ်ညွန်းရေးသားထားတာပါ။
ရုပ်ရှင်ဇာတ်ကားအမည်ကို မူလက သမ္မတကြီးခင်ဗျားလို့ ပေးခဲ့ပေမယ့် ဇာတ်လမ်းစိစစ်ရေးက ခွင့်မပြုလို့ လူကြီးမင်းခင်ဗျားလို့ အမည်ပြောင်းခဲ့ရတယ်လို့ ဒါရိုက်တာ ညီညီထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။
“နာမည်ကအစ သမ္မတကြီးခင်ဗျားလို့ ပေးလို့မရဘူး။ ဇာတ်လမ်းစိစစ်ရေး တင်ကတည်းကိုက၊ အဲဒါနဲ့ လူကြီးမင်းခင်ဗျားဆိုပြီးတော့ ပြောင်းလိုက်ရတာ။ အမှန်မှန်တော့ ဒီလိုပြဿ နာတွေဖြစ်တဲ့ အတွက်ကြောင့် သမ္မတကြီးခင်ဗျာ၊ ကျနော်တို့ရဲ့ ဘိုးဘွားရိပ်သာလေးက ဒီလိုဒီလို ရှိပါတယ်ဆိုပြီး အသနားခံစာတင်တဲ့ပုံစံမျိုးနဲ့ ပြည်သူလူထုရဲ့ နစ်နာချက်တွေ၊ ခံစားချက်တွေ တင်ပြတာ၊။ ဒီဥစ္စာက ကောင်းတဲ့ မက်ဆေ့ခ်ျ လေးပါ။ အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ခရိုနီသူဌေးတွေ အနေနဲ့ပဲဖြစ်ဖြစ် လူတွေကို ငဲ့ညှာသင့်တယ်ဆိုတာလေးကိုလည်း ကျနော်တို့ကပေးချင်တာ။ ဒါပေမယ့် လူကြီးမင်းခင်ဗျားလို့ ပြောင်းလိုက်ရတော့ တော်တော်တော့ပေါ့သွားတယ်။”
အာဏာပိုင်တွေနဲ့ ပေါင်းပြီး မြေနေရာ မတရားသိမ်းဆည်းတဲ့ ခရိုနီသူဌေး ဇာတ်ရုပ်နေရာ က သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းကလည်း ရင်ထဲမှာရှိတဲ့ တကယ့်ခေတ်စနစ်ကို အပြည့်အ၀ပုံဖော်နိုင်ခြင်းခဲ့ခြင်းမရှိဘဲ စောင်းပါးရိပ်ခြေပုံ ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
‘“တကယ်တမ်းပြောကြမယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၁ – ၁၂ လောက်အထိ ဒီကားမျိုးတွေ ရိုက်ဖို့ မလွယ်ပါဘူး။ မူလစတင်ပြီးတော့ ရုပ်ရှုင်အစည်းအရုံးကို လွတ်မြောက် အောင်လုပ်စဉ်ကာလ ကတည်းက ကျနော်တို့ဟာ ခေတ်စနစ်ကို ထင်ဟပ်တဲ့ ပြည်သူရဲ့ ခံစားမှုကို ဖော်ကျူးနိုင်တဲ့ ရုပ်ရှင်အနုပညာများကို ရိုက်ကူးဖို့ ဆိုပြီး ဆင်ဆာမူဝါဒတွေကို တွန်းလှန်ကြပါတယ်။ အဲဒီကာလမှာလည်း ကျနော်တို့ အခက်အခဲများစွာတွေ့ခဲ့ရပါတယ်။ ကျနော်တို့ကို ဝေဖန်မှုတွေလည်း အမျိုးမျိုးရှိပါတယ်။ ရုပ်ရှင်ကို ဆင်ဆာမူဝါဒတွေ လျော့ပေးပေမယ့် ရုပ်ရှင်က ရှေ့မတိုးဘူးတို့၊ မြန်မာရုပ်ရှင် ဆင်ဆာလွတ်လပ်ခွင့်တော့ရတယ် ဘာကားတွေများ ထွက်လို့လဲလို့ ဆိုတဲ့ ဝေဖန်မှုတွေလည်းခံရပါတယ်။ သို့သော် အချိန်စောင့်ကြည့်ပေးပါ။ ကျနော်တို့ ပြည်သူကိုထင်ဟပ်တဲ့ ဇာတ်ကားမျိုးတွေ ရိုက်ကူးနိုင်အောင် ကြိုးစားနေပါတယ်”
ပြည်တွင်းမှာ အစိုးရသစ်လက်ထက် ရုပ်ရှင်ဆင်ဆာတင်းကျပ်မှုတွေ ဖြေလျော့ ပေးပြီးနောက် ရုပ်ရှင်နဲ့ဗွီဒီယိုတွေမှာ ခေတ်ကို ထင်ဟပ်တဲ့ ဇာတ်လမ်းတွေရိုက်ကူး ထုတ်လုပ်လာမှုတွေ ရှိလာတာဖြစ်ပါတယ်။
“လူကြီးမင်းခင်ဗျား” ရုပ်ရှင် ဇာတ်ကားဟာ ပြည်တွင်းမှာ ခရိုနီအကြောင်း ပထမဆုံး ရုပ်ရှင်ကားကြီးအဖြစ် ရုံတင်ပြသတဲ့ ဇာတ်ကားဖြစ်ပြီး ဗွီဒီယို အနေနဲ့ကတော့ မိုးအောင်ရင် ပါဝင်သရုပ်ဆောင်တဲ့ ‘“ခရိုနီဘိုချီ” နဲ့ ခန့်စည်သူသရုပ်ဆောင်တဲ့ ”အကြွေးတော်ပုံအောင်ရမည်” စတဲ့ ဗွီဒီယို ဇာတ်ကားတွေ လူသိများပါတယ်။
http://burmese.dvb.no/archives/86127

- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- သေဆုံးသွားတဲ့ ဇနီးအလောင်းနဲ့အတူ (၁၁) နှစ်လုံးလုံး အတူအိပ်ခဲ့တဲ့ ဗီယက်နမ်က အမျိုးသား
No comments:
Post a Comment