အသက်(၂၈) နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးဟာ လူမှုကွန်ရက်ကို ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ တာကြောင့် အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ ဂျာနီလူဟာ အွန်လိုင်းကနေ အ၀တ်အထည်တွေ ရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး အစောပိုင်းမှာ အရှုံးပေါ်ခဲ့ တာကြောင့် အလုပ်ကနေ ထွက်လိုက် ပါတယ်။ ဂျာနီလူဟာ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် အဖြစ် လုပ်ကိုင်ပြီး စီးပွားရေး လုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင်း ပေါင် (၅၀၀၀၀) လောက်ရှုံး သွားခဲ့ တာကြောင့် စိတ်ပျက် သွားပြီး အလုပ်ထွက် လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနောက် ဂျာနီ လူဟာ အိမ်ကနေ နေ့စဉ် ထွက်ပြီး အလုပ်သွားဟန် ပြုလုပ်ခဲ့ ပါတယ်။ ဂျာနီလူ မိဘတွေက တော့ အလုပ်သွား တယ်လို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အလုပ်သွားခြင်း မဟုတ်ဘဲ ကော်ဖီဆိုင်ထိုင်၊ စာကြည့်တိုက် သွားကာ အရင် လုပ်ခဲ့တဲ့ အလုပ်တွေ ဘာကြောင့် ရှုံးခဲ့သလဲ ဆိုတာ သုံးသပ်ပြီး အလုပ် ဆက်လုပ်ခဲ့ ပါတယ်။ ရုံးခန်းသီးသန့် မရှိပေမယ့် ကော်ဖီဆိုင်၊ စာကြည့်တိုက်တွေဟာ အလုပ်လုပ်ရာ နေရာတွေ ဖြစ်လာခဲ့ ပါတယ်။ ဂျာနီလူဟာ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အ၀တ်အစားတွေကို ရောင်းချနိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ထိုးဖောက်ခဲ့ တာကြောင့် ခြောက်လ အတွင်းမှာ လုပ်ငန်းတွေ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ဂျာနီလူဟာ ၀င်ငွေ ပေါင် (၁၀) သန်းကျော်အထိ ရှိလာပါတယ်။ အွန်လိုင်း ကနေ အ၀တ်အထည်တွေ၊ ဖက်ရှင် ပစ္စည်းတွေ ရောင်းချခဲ့တာ အောင်မြင်လာခဲ့ ပါတယ်။ ဂျာနီလူဟာ Showpo.com ၀က်ဘ်ဆိုက် ဖွင့်ပြီး ရောင်းချခဲ့ရာ နိုင်ငံပေါင်း (၄၅) နိုင်ငံ အထိ ဖြန့်ချိနိုင်ခဲ့ ပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်မှာ ပရိသတ်ပေါင်း လေးသိန် ကျော်စီ ပိုင်ဆိုင်ထား တယ်လို့ ဆိုထားပါတယ်။ ဂျာနီလူက လူမှု ကွန်ရက်တွေဟာ အောင်မြင်အောင် ပြုလုပ်ရာမှာ အထောက်အကူ ဖြစ်စေ ခဲ့ကြောင်း ဆိုခဲ့ပါ တယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=34025
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
No comments:
Post a Comment