Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

သမီးဖြစ်သူကို ကြိုးနဲ့ချည်ပြီး ဆိုင်ကယ်ပေါ်တင်သွားလို့ အဖမ်းခံရသူ


အိန္ဒိယရဲအဖွဲ့ဟာ ယူတာပရာဒက်ရှ်ပြည်နယ်မှာ သမီးဖြစ်သူကို ဆိုင်ကယ်ပေါ်မှာ ကြိုးနဲ့ချည်ပြီး ကျောင်းကို ခေါ်သွားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ခုချိန်မှာတော့ ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ လမ်းသွားလမ်းလာတွေက ဒီလူရဲ့ အပြုအမူဟာ ရက်စက်လွန်းတယ်လို့ မှတ်ချက်ပေးကြပေမယ့် ကာယကံရှင်ကတော့ သမီးဖြစ်သူ ကျောင်း နောက်ကျမှာ စိုးလို့ အလျင်စလို လုပ်ခဲ့ရတာလို့ တုံပြန်ခဲ့ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက နိုင်ငံတွင်းမှာ ရှိတဲ့ အမျိုးသမီး ငယ်တွေကို ပညာရေးမြှင့်တင်ပေးဖို့ အစီအစဉ် ပြုလုပ်နေချိန်မှာပဲ အခုလိုမျိုး ကိစ္စ ဖြစ်ပေါ်လာခဲ့တာပါ။ အာမခံနဲ့ ပြန်လွတ်လာတဲ့ အဲဒီအမျိုးသားမှာ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်ရှိပြီး ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ လုံခြုံရေးအလုပ် လုပ်တယ်လို့ သိရပါတယ်။ ရဲတွေကတော့ အဲဒီလူဟာ သူရဲ့ အငယ်ဆုံးသမီးလေးကို စာရေးလေ့ကျင့်ခန်း စတင်ပြီးတဲ့နောက် ကျောင်းတက်ဖို့ သကြားလုံးနဲ့ လက်ဆောင် တွေ ပေးမယ်လို့ စည်းရုံးခဲ့ကြောင်း၊ ဒါပေမယ့် ကလေးက ကျောင်းသွားဖို့ ငြင်းဆန်တဲ့အခါ ဒေါသထွက်ပြီး ကြိုးတုပ်ပြီးဆိုင်ကယ်ပေါ် ခေါ်တင်ခဲ့တာလို့ ဆိုပါတယ်။ ကလေးမလေးရဲ့ ဖခင်ကို ငြိမ်းချမ်းစွာ နေထိုင်မှုကို ချိုးဖောက်ခဲ့မှုနဲ့ ရဲအဖွဲ့က စွဲချက်တင်ထားတာ ဖြစ်ပါတယ်။ “ ကျွန်တော့်သမီးကို ကျောင်းကို ခေါ်သွားမယ် ဆိုရင် သူမ မသေနိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူမ စာမတတ်ရင်တော့ သေသွားနိုင်ပါတယ် “ လို့ အဲဒီအမျိုးသားက အိန္ဒိယတိုင်းမ်သတင်းစာကို ပြောပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေရဲ့ စာတတ်မြောက်မှုက ၆၄ ရာခိုင်နူန်း ရှိပြီး အမျိုးသားတွေရဲ့ တတ်မြောက်မှုက ၈၁ ရာခိုင်နူန်းတောင် ရှိနေတဲ့အတွက် အိန္ဒိယ၀န်ကြီးချုပ်က အမျိုးသမီးတွေ စာပိုတတ်မြောက်လာဖို့ စီမံကိန်းတစ်ခု ချမှတ်ခဲ့ပြီး မိဘတွေ အနေနဲ့လည်း သူတို့ရဲ့သမီးတွေကို ပညာတတ်တွေ ဖြစ်စေဖို့ ပျိုးထောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။ အမျိုးသမီးငယ်တွေ ပညာတတ်မြောက်ရေး လှုပ်ရှားသူတွေကတော့ မိန်းကလေးငယ်တွေ ကျောင်းသွားဖို့ ကိစ္စဟာ ကျေးလက်ဒေသမှာ ဝေးကွာတဲ့ အိမ်မက်တစ်ခု ဖြစ်နေပြီး မိဘတွေကလည်း သူတို့ရဲ့သမီးတွေကို ပညာတတ်စရာ မလိုဘူးလို့ ယူဆနေတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။
PlanetMyanmar

No comments:

Post a Comment