Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 12, 2015

ပင်မသပိတ် မတ်လ ၁၀ ရက်က ရန်ကုန်ရောက်ခဲ့တယ် -အပိုင်း (၁)



#အောင်မြေဗိမာန်ကအခြေအနေ
ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်း ရန်ကုန်မန္တလေး ဟာ လက်ပံတန်းမှာ လွှတ်တော်ကိုစောင့်ကြည့်ရင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေ စာမေးပွဲကို စောင့်ပေးရင်း ၁၀ရက်နားနေခဲ့တယ်။ မတ်လ ၂ရက်နေ့မှာ လွှတ်တော်အခြေအနေမထူးခြားခဲ့လို့ ရန်ကုန်ကိုဆက်ချီတက်ဖို့လုပ်ရာ အာဏာပိုင်က တားဆီး ပိတ်ပင်ခဲ့လို့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲနဲ့အတူ ကြေညာချက်တခုထွက်ပေါ်ခဲ့တယ်။ အဲဒီကြေညာချက်မှာ အချက် ၈ ချက်ပါတယ်။ အဓိကတော့ ရန်ကုန်ကို တက္ကသိုလ်ဝင်စာမေးပွဲတွေမတိုင်ခင် အရောက်ပြန်ပြီး သပိတ်ရပ်လို့ လွှတ်တော်အခြေအနေစောင့်ကြည့်ဖို့ပဲ။ နောက်နေ့မနက် အထွက်မှာတော့ ရဲအင်အား အလုံးအရင်းနဲ့ပိတ်ဆို့ထားလိုက်လို့ ၁၀ရက်နားခဲ့ရာ အောင်မြေဘိမာန်ကျောင်းရှေ့မှာ မတ်လ၈ရက်နေ့အထိ ပြေလည်မှုမရခဲ့ဘူး။ ဒါ့ကြောင့် ကျောင်းသားတွေဘက်က ရာဇသံအနေနဲ့ အရေးပေါ် ထုတ်ပြန်ချက်တခုနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲတွေ မဖြေခင်တရက်အလို မတ်လ ၁၀ရက်နေ့ မနက် ၁၀နာရီမှာ နောက်ဆုံးထားလမ်းဖွင့်ပေးဖို့ကို ထုတ်ပြန်ခဲ့ကြတယ်။

#မတ်လ၉ရက်သပိတ်အစည်းအဝေး
မတ်လ ၉ရက်နေ့မှာ သပိတ်ခေါင်းဆောင်တွေ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် CWC တွေ အစည်းအဝေးထိုင်ကြတယ်။ အစည်းအဝေးရဲ့ စဉ်းစားချက်နဲ့ ဆုံးဖြတ်ချက်က အချုပ်ပြောရရင် ဒီလို ၁။ အပိတ်အပင်အတားအဆီးကို တိုးထောက်ဖို့က မလွယ် အထိအခိုက်များနိုင်တယ်
၂။ သူတို့ဘက်က လိုက်ရောမယ်လို့မထင်ရ
၃။ ရန်ကုန်ကို လူခွဲသွားပြီး မတ်လ ၁၀ရက် ၁၀ နာရီမှာ ပင်မ သပိတ် စာသားပါ ခေါင်းစီးစာတန်းနဲ့ ပင်မသပိတ်ရန်ကုန်ရောက်ပြီ လို့ကြေညာလိုက်မယ်။ လမ်းတိုချီတက်ပြပြီး သတင်းစာရှင်းလင်း သပိတ်ရပ်ဖို့ပဲ။ ဒီကိစ္စ ကျော်ကိုကိုနဲ့ ဗဟိုလုပ်ငန်းကော်မတီ CWC ၀င်တ၀က်ကို အစည်းအဝေးက တာဝန်ယူခိုင်းလိုက်တယ်။
၎။ လက်ပံတန်းကသူတွေက ဒီက မစ်ရှင် complate ဆိုတာနဲ့ အောင်ပွဲခံဖို့ပဲ။ အာဏာပိုင်အရူးဖြစ်ပြီလေ။
၅။ အထိအခိုက်နဲပြီး ပြည်သူအချို့စိုးရိမ်နေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်ခင် သပိတ် လှလှပပ နားနိုင်သွားလိမ့်မယ်။
၆။ ဒီPlan မှာ လူထုပါအောင် မီဒီယာလည်း အသင့်ရှိနေအောင်ဆိုရင် အလံနဲ့အသံ (Flag and Voice)ကို အစအဆုံးတာဝန်ပေးရမယ်။ ထောက်ခံပွဲ လုပ်မယ်လို့ပဲကြော်ငြာထားရမယ်။

#အလံနဲ့အသံပါဝင်မှု
ဒီကိစ္စတာဝန်ရရချင်း စဉ်းစားတော့ လှည်းတန်းပဲကောင်းတယ် လမ်းတိုလျှောက် လှည်းတန်းစင်တာရှေ့ သပိတ်ခေတ္တရပ်လိုက်ပြီဆိုတာ သတင်းစာရှင်းလင်းပွဲလုပ် လိုက်ရင် သိပ်လှပြီ။ အလံနဲ့အသံ (Flag and Voice) Facebook Page ကနေ လှည်းတန်းဈေး မနက် ၁၀ နာရီ ၁၀ မိနစ် ကျောင်းသားသပိတ်ထောက်ခံပွဲ Call ခေါ်လိုက်တယ်။ အဲဒီနောက် ပိတ်စတွေဝယ်။ ညတွင်းချင်းရေး။
အလံ ၁၀ လက်အဆင်သင့်လုပ်ခဲ့တယ်။
အခန်းတခန်းမှာ တညလုံးမအိပ်ပဲ စည်းဝေးတိုင်ပင်တယ်။ မနက်၎နာရီလောက်မှာ ကျော်ကိုကို ဗဟိုလုပ်ငန်းကော်မတီ CWC တချို့နဲ့ သပိတ်မှောက်ကျောင်းသား ၁၅ ဦးလောက်ရောက်လာတယ်။ မနက်လင်းတဲ့အထိမအိပ်ကြဘူး။ လျှို့ဝှက်လုပ်ရပြီး အခြေအနေမှန်တွေကို အချင်းချင်း အတိအကျမပြောပြနိုင်တော့ ရန်ကုန်ရှိကျန်ကျောင်းသားတွေနဲ့ Flag and Voice တို့ call ခေါ်တာ နေရာ ၂နေရာ ကွဲနေလို့ ဆွေးနွေးကြရင်း နားလည်မှုတွေလွဲခဲ့ကြသေးတယ်။

#လက်တွေကျကျ မတ်လ ၁၀ရက်မနက်ခင်း
မတ်လ ၁၀ ရက် မနက် ၉နာရီခွဲ အားလုံးပြင်ဆင်လို့ ကားငှားပြီး လှည်းတန်းဘက်ကို ထွက်ခဲ့ကြတယ်။ ဖြိုးဖြိုးအောင်ဆီကဖုန်းဝင်လာတယ်။ "အတားအဆီးတွေ ဖယ်ပေးနေပြီ .................."

အပိုင်း (၂) တွင်
ဆက်လက်ဖက်ရှုပါရန်။

မှတ်ချက်။ ။ အာဏာပိုင်ကိုလှည့်ကွက်သုံးရင်း ကိုယ့်လူနွေပါလည်သွားလို့ မရေးမဖြစ်ရေးရပါတယ်။

ကိုထက် (ဧည့်ဆိုးကိုရှောင်ရင်း)
၁၂.၃.၂၀၁၅
Photo Bay Bay

No comments:

Post a Comment