သတင်းဓာတ်ပုံ- အေးကျော်ထွေး |
သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအောင်ဆန်းဦး “မနေ့က လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြတာပါ။ ခုကျောင်းဝင်းအတွင်းမှာ ရောက်နေပါပြီ။ ရတနာပုံတက္ကသိုလ် ကျောင်းတခါးတွေ ရှိသမျှဝင်ပေါက်တွေအားလုံးကို သော့ခတ်ပြီးပိတ်ထားတယ်။ ကျနော်တို့ဝင်ပြီးမှ အပေါက်တွေ ကိုဆွဲပိတ်တာ’လို့ပြောပါတယ်။
‘မနက် ၉ နာရီခွဲလောက်က ရတနာပုံတက္ကသိုလ် နောက်ပေါက်ကနေ စတင် ဆန္ဒပြခဲ့တာ ဖြစ်ပြီး ကျောင်းသားတွေ ဆန္ဒစပြတဲ့ အချိန်မှာ တက္ကသိုလ်က ပင်မတံခါးပေါက်ကို ပိတ်လိုက်တယ်လို့ ဒီနေ့ရာမှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
“လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတာကို အလိုမရှိဘူးပေါ့၊ ကန့်ကွက်တယ်ပေါ့ နောက်တခုက အစိုးရရဲ့ ကျောင်းသာတွေကို ကတိမတည်တာတွေကို ကန့်ကွက်တယ်ပေါ့၊ ပေးထားတဲ့ ကတိတွေကို ပယ်ဖျက်ပြီး အကြမ်းဖက်တာကို သူတို့ အနေနဲ့ လက်သင့်မခံဘူးဆိုတဲ့အကြောင်းတွေပေါ့” လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
လက်ရှိမှာတော့ ကျောင်းသားအင်အား ဆယ်ဂဏာန်းလောက်သာရှိပြီး တိုးလာနိုင်မနိုင်ကတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖမ်းဆီးမှု အပေါ် ရန်ကုန်၊ ကယားပြည်နယ်က ကျောင်းသားတွေကလည်း ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
No comments:
Post a Comment