အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက်ဘန်ဂေါ ပြည်နယ်မှာ အသက် ၇၂ နှစ်အရွယ် ခရစ်ယာန် သီလရှင်တယောက် အုပ်စုဖွဲ့ အဓမ္မပြုကျင့် ခံရတဲ့ ကိစ္စကို မကျေနပ်တဲ့ အတွက် ကျောင်းသားတွေ ဆန္ဒပြနေကြပါတယ်။
ဒေါသထွက်နေတဲ့ ကျောင်းသားတွေဟာ ကြွေးကြော်သံတွေ ဟစ်အော်ကြပြီး တရားမျှတမှုကို ဖော်ထုတ်ပေးဖို့ တောင်းဆိုကြတာပါ။ ဘယ်ပါတီကိုမှ ကိုယ်စားပြုတာမဟုတ်ဘဲ လူသားဝါဒသာ ပဓာန ဖြစ်တယ်လို့ သူတို့ ကိုင်ထားတဲ့ နဖူးစီး စာတမ်းတွေမှာ ရေးထားပါတယ်။
ဆန္ဒပြကျောင်းသားတွေထဲမှာ အမျိုးသမီးငယ်တွေလည်း အမြောက်အမြား ပါဝင်ပါတယ်။ ကျမတို့ အမျိုးသမီးတွေ၊ မိန်းကလေးတွေဟာ ဘယ်သွားသွား မလုံခြုံတော့ဘူး။ သွားလာဖို့ ကြောက်နေကြတယ်။ တရားခံတွေကို ဖမ်းပေးပါဆိုပြီး ဆန္ဒပြကျောင်းသူတယောက် တောင်းဆိုပါတယ်။
အဘွားအရွယ် ခရစ်ယာန်သီလရှင်ဟာ စနေနေ့ မနက်အစောပိုင်းက သူနေထိုင်တဲ့ သီလရှင် ကျောင်းပေါ်မှာပဲ လူ ၅ ယောက်က အဓမ္မပြုကျင့်တာကို ခံခဲ့ရပြီး အခုတော့ ဆေးရုံတင်ထားရပါတယ်။
လက်ရှိ အာဏာရ ဘီဂျေပီပါတီ ခေါင်းဆောင်တယောက်ဖြစ်တဲ့ လော့ကစ် ချက်တာဂျီ က သီလရှင်ဟာ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အိပ်မပျော်နိုင်ဖြစ်ပြီး စိတ်ဖိစီးမှု ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။
အနောက် ဘန်ဂေါပြည်နယ် အစိုးရကလည်း တရားခံတွေကို ခြေရာခံနိုင်ဖို့ သတင်းပေးကြဖို့ ပြည်သူတွေကို ဆော်သြထားပြီး အမြန်ဆုံးအရေးယူ ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
No comments:
Post a Comment