မြောက်ကာရိုလိုင်းနားပြည်နယ်၊ နယူးဘန်းမြို့တွင် ဖြစ်ပွားခဲ့သော ကရင်နီ ယောက်ျားလေး ၃ လောင်းပြိုင် လူသတ်မှုကို အနီးခရိုင်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာလူမျိုး ရဲအရာရှိတစ်ဦးက ကူညီပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အခင်းဖြစ်ပွားသော နယူးဘန်း၏ မြောက်ဘက်ရှိ ပစ်ခရိုင်မှ ရဲမှူး၏လက်ထောက် ရဲအရာရှိ နေသန်နီယယ်လ် ဘရိုင်ယန်သည် လိုအပ်ပါက စကားပြန်အဖြစ် ကူညီဆောင်ရွက်ပေးရန် အထက်အရာရှိ ရဲမှူးကြီး နေးလ် အဲ့လ်စ်ထံမှ ခွင့်ပြုချက်ရထားပြီး ဖြစ်သည်။
မတ်လ ၁၇ ရက်၊ အင်္ဂါနေ့ ညတွင် အသက် ၁၈ နှစ်အရွယ် ကရင်လူငယ် အယ်လာဒိုးထူးက အိမ်နီးချင်း ကရင်နီမိသားစုတစ်ခုမှ အသက် ၁ နှစ်၊ ၅ နှစ်နှင့် ၁၂ နှစ်အရွယ် ညီအစ်ကို သုံးယောက်ကို ဓားဖြင့်ထိုးသတ်ပြီး၊ မိခင်နှင့် အစ်မလည်း ဒဏ်ရာရရှိခဲ့သော ရာဇဝတ်မှုနှင့် ပတ်သက်၍ မြန်မာရဲအရာရှိ နေသန်နီယယ်လ် ဘရိုင်ယန်က ကူညီမည် ဖြစ်ပါသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာသော နေသန်နီယယ်လ် ဘရိုင်ယန်သည် ကရင်တိုင်းရင်းသား လူမျိုးစုမှ ဖြစ်၏။ ၎င်းသည် sheriff ခေါ် ခရိုင်ရဲမှူးကြီး၏ လက်ထောက် deputy အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုထားသော ရဲအရာရှိတစ်ဦး ဖြစ်ပါသည်။
ထိတ်လန့်တုန်လှုပ်ဖွယ် သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ လူသတ်သမား အယ်လာဒိုးထူးသည် ၎င်း ကြီးပြင်းလာရသော ဘဝအခြေအနေနှင့် ကြုံတွေ့ခဲ့ရဖွယ်ရှိသော ကြမ်းကြုတ်ရက်စက်မှုများကြောင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်း ဖြစ်မည်ဟု မြန်မာရဲအရာရှိ ဘရိုင်ယန်က မယူဆချေ။
“ဒီလိုအဖြစ်မျိုးကို မြန်မာပြည်တုန်းကတောင် ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး” ဟု မြန်မာရဲအရာရှိက သတင်းဌာနသို့ ပြောကြားသည်။
ယခုကဲ့သို့ လူ့အသက် သုံးဦး အသတ်ခံရခြင်း၊ အထူးသဖြင့် အရွယ်မရောက်သေးသော ကလေးများ အသတ်ခံရခြင်းသည် နယူးဘန်းမြို့သမိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်သည်။
ရဲက ဖမ်းဆီးအရေးယူထားသည့် အယ်လာဒိုးထူးကို မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့က ပထမဆုံးအကြိမ် တရားရုံး ထုတ်ရာတွင် စကားပြန်အခက်အခဲကြောင့် တစ်နာရီ နောက်ကျပြီးမှ အမှုကို စတင်ကြားနာနိုင်ခဲ့သည်။ စကားပြန်သည် တယ်လီဖုန်းမှတစ်ဆင့် ဘာသာပြန်ပေးခဲ့ရပါသည်။ နောက်တစ်ကြိမ် ရုံးချိန်းမှာ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့ ဖြစ်၏။
မြန်မာရဲအရာရှိ ဘရိုင်ယန်သည် အလုပ်အကြိုးစားဆုံး ရဲစုံထောက်တစ်ဦး ဖြစ်ကြောင်း ခရိုင်ရဲမှူးကြီး နေးလ် အဲ့လ်စ်က ချီးကျူးထားသည်။
http://kabarthit.com/index.php?option=com_content&view=article&id=606:2015-03-21-00-31-36&catid=8:2013-10-13-17-09-02&Itemid=214
- အရွယ်မရောက်သေးသောလူငယ်များအသုံးပြုလျှင် အန္တရာယ်ရှိသည့် application လေးခု
- ဘာမှမလုပ်တဲ့စက်
- စွမ်းအားရှင်ပြန်လာပြီလား
- မှော်ဝန်းသားဦးခင်ညွန့် နှင့်အင်တာဗျူး
- ဆန္ဒပြလူငယ်များကိုအကြမ်းဖက်ခြင်းသမ္မတဦးသိန်းစိန်ပေးထားသည့်ကတိအားလုံးနှင့်ဆန့် ကျင်နေ
- ကိုးကန့် တိမ်းရှောင်အဖွဲ့ ကိုကူညီသည်ဆိုကာရာထူးချခံရသည့်တရုတ်ဗိုလ်မှူးချုပ်
- မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာဒုက္ခသည်မိသားစု တိုက်ခိုက်ခံရ
- ကိုယ်ဝန်ဆောင်တစ်ဦး၏ ၀မ်းဗိုက်ကို ဓားဖြင့်ခွဲ၍ သန္ဓေသားကို ယူဆောင်သွားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
- အရာအားလုံးကို သိနေတဲ့ အသက် (၇)နှစ် အရွယ် ကလေး
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့ အမျိုးသား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရ
- လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွား
သည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့်  စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ် - ကလေးများကစားနေသည့် ဗွီဒီယိုများကို အွန်လိုင်းတင်သည့်မိဘများ နှစ်စဉ် ဒေါ်လာ ၁ သန်း ၀င်ငွေရ
- ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
- Free Phyoe Phyoe Aung!!! ဖြိုးဖြိုးအောင်ကိုလွှတ်
- သေဆုံးတရုတ်တဦးလျှင် ဒေါ်လာတသောင်းကျော် ပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
- CCTVမှရိုက်ကူးထားသောမုဒိန်းသမားများလှုပ်ရှားမှု(ရုပ်သံ)
- လက်ဆေးကန်မှာ ခြေထောက် ၀င်ဆေး သွားခဲ့တဲ့ တရုတ် ခရီးသွား
- ထိုင်းနိုင်ငံတွင်ရင်သားအောက်ပိုင်း Selfie ရိုက်သူများထောင်ငါးနှစ်ကျမည်
- ကလေးအငို တိတ်အောင် ကလေးငယ်၏ လည်မြို ကိုဆွေမျိုးထဲမှ အမျိုးသမီး တစ်ဦးက လွှဖြင့် လှီးဖြတ်
- နံရိုးအပြင်မှာထွက်နေတဲ့ နှလုံးသားတစ်စုံနဲ့ သနားစရာ သမီးကလေး
- မင်းအုပ်စိုးနဲ့ တေးနုယဉ်တို့ အမှုဖြစ်ရပ်မှန်
No comments:
Post a Comment