Print Email
အမေရိကန်နိုင်ငံ မစ်ဆော ရီပြည်နယ် ဖာဂူဆန် အရပ်တွင် လက်နက်မဲ့ လူမည်း လူငယ်တစ်ဦး ပစ်သတ် ခံသေဆုံး မှုကြောင့် ဖြစ်ပေါ်သည့် အဓိက ရုဏ်းဖြစ် ပွားရာတွင် ရဲနှစ်ဦးသေနတ်ဖြင့် အပစ်ခံရသည်။

တစ်ဦးမှာ မျက်နှာ တွင်သေနတ် ထိမှန်ပြီး ကျန်တစ်ဦးမှာ ပုခုံးတွင် ထိမှန်ခဲ့ကြောင်း စိန့်လူးဝစ်စီရင်စု ရဲအကြီးအကဲ ဂျွန်ဘယ်လ်မား ကပြော သည်သေနတ်ထိ မှန်သူရဲနှစ် ဦးစလုံးမှာ ဒဏ်ရာပြင်း ထန်ကြောင်း ၎င်းကပြောသည်။
ဖာဂူဆန် ရဲအကြီး အကဲဖြစ် သူက ၎င်း၏ဌာန အတွင်း လူမျိုးရေး ခွဲခြားမှုများ ရှိသည်ဟု စွပ်စွဲမှုများ ပျံ့ပျံ့နှံ့နှံ့ ထွက်ပေါ် လာသဖြင့် ရာထူး မှနုတ် ထွက်ပေးပြီး သည့်နောက်တွင် ယခုအဓိက ရုဏ်းအဖြစ် အပျက်ဖြစ် ပွားခြင်းဖြစ်သည်။
ဆန္ဒပြလူအုပ်ကို စတင်လူစုခွဲချိန် ညလယ်နှောင်းပိုင်းတွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၊ဝှေ့ယမ်းပစ်သည်ထက် ရဲများကိုတည့်တည့် ချိန်၍ ပစ်ခတ်ခြင်းဖြစ် သည်ဟု ယူဆကြောင်း ဘယ်လ်မား ကပြောခဲ့သည်။
Ref: BBC
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/40895-2015-03-12-16-05-18
No comments:
Post a Comment