Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

ဆီးရီးယားသို့ သွားရန်ကြိုးပမ်းသည့် ဗြိတိန် အမျိုးသမီးကို တူရကီတွင် ဖမ်းဆီး


ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းရန် အတွက် ဆီးရီးယား နိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည့် အသက်၂၁ နှစ်အရွယ် ဗြိတိန် အမျိုးသမီး တစ်ဦးကို တူရကီနိုင်ငံ တွင် ဖမ်းဆီး နိုင်ခဲ့ကြောင်း ယင်းနိုင်ငံ အစိုးရ အဖွဲ့မှ တာဝန်ရှိသူ များက မတ် ၁၇ ရက်တွင် ပြောကြားသည်။

တူရကီ အာဏာပိုင် များသည် ဂျေအန်အိခ်ျ အမည်ရှိ အဆိုပါ အမျိုးသမီးကို အန်ကာရာမြို့ရှိ ဘတ်စ်ကား မှတ်တိုင် တစ်ခု၌ မတ် ၁၆ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မကြာမီတွင် စစ်ဆေးမှုများ လုပ်ဆောင်၍ သူမအား အမိနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရန် ထိန်းသိမ်း ထားကြောင်း သိရသည်။

ထို့ပြင် တူရကီ အာဏာပိုင် များသည် ဂျေအန်အိခ်ျ အား ဖမ်းဆီးရာတွင် ဗြိတိန် အစိုးရ၏ သတင်းပေးချက် မပါဘဲ တူရကီ ထောက်လှမ်းရေး အေဂျင်စီ၏ သတင်း အချက်အလက် များကို အခြေခံ၍ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ အဆိုပါ အမျိုးသမီး၏ မိုဘိုင်းလ်ဖုန်း တွင် ရိုက်ကူး ထားသော ဓာတ်ပုံများ အရ ၄င်းသည် ISIS စစ်သွေးကြွ တို့၏ နယ်မြေသို့ သွားရောက်ရန် စီစဉ်ထားကြောင်း အာဏာပိုင် များက ထပ်လောင်း ပြောကြား ခဲ့သည်။

#PyiChitThar

No comments:

Post a Comment