Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 21, 2015

အမှုရင်ဆိုင်နေ ရသည့် အလုပ်သမားများ အပါအ၀င် စုစုပေါင်း (၃၀) ကျော်ကို အလုပ်မှ ထုတ်ပယ်


ရွှေပြည်သာ မြို့နယ်မှ သပိတ်စခန်းဖွင့် ဆန္ဒ ထုတ်ဖော်ခဲ့၍ အမှုရင်ဆိုင်နေ ရသည့် အလုပ်သမား (၁၃) ဦး အပါအ၀င် စုစုပေါင်း အလုပ်သမား ဦးရေ (၃၀) ကျော်ကို အလုပ်မှ ထုတ်ပယ် လိုက်ကြောင်း အလုပ်သမားများ ထံမှ သိရသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ရွှေပြည်သာ မြို့နယ်၊ အထည်ချုပ် စက်ရုံသုံးရုံမှ အခြေခံ လစာ တိုးမြှင့်ပေးရန် သပိတ်စခန်းဖွင့် ဆန္ဒ ထုတ်ဖော်နေသည့် အလုပ်သမား များကို ရဲတပ်ဖွဲ့ဝင် များက အင်အားသုံး ဖြိုခွင်းခဲ့ပြီး အလုပ်သမား ခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဆက်လက်၍ ယခုလ (၁၄) ရက်နေ့၌ သပိတ်စခန်းကို ဒုတိယ အကြိမ် ဖြိုခွင်း ခဲ့ပြီး အလုပ်သမား (၁၆) ဦးကို ထပ်မံ ဖမ်းဆီးခဲ့ရာ စုစုပေါင်း အလုပ်သမား (၁၈) ဦးအနက် (၁၃) ဦးကို ပြည်လည် လွှတ်ပေး ခဲ့သည်။ အခု အာမခံနဲ့ အပြင် ရောက်နေတဲ့ သူတွေ အပါအ၀င် သပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေပါ အလုပ်ထုတ်ခံရ တာတွေ ရှိတယ်။
 http://www.messengernewsjournal.com/#1

No comments:

Post a Comment