Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 13, 2015

သင်္ချာတပုဒ်ကို မဖြေနိုင်သည့် သတိုးသားကြောင့် မင်္ဂလာပွဲကနေ သတိုးသမီးထွက်ပြေး


အိန္ဒိယနိုင်ငံ နယူးဒေလီမှာ သချာင်္တပုဒ်ကို သတိုးသားက မဖြေနိုင်တဲ့အတွက် သတိုးသမီးက မင်္ဂလာဆောင်ကနေထွက်ပြေးခဲပါတယ်။
သတိုးသမီးက ၁၅ နဲ့ ၆ ပေါင်းရင် ဘယ်လောက်လဲလို့ သတိုးသားကို မေးရာမှာ သတိုးသားက ၁၇ လို့ ပြန်ဖြေခဲ့တဲ့ အတွက် မင်္ဂလာဆောင်ကနေ ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ မတ် ၁၁ ရက် ဥတ္တပရာဒက်ခ်ျပြည်နယ် ကန်ပူးမြို့အနီးက ရွာတရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကိုကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

သတိုးသားမိသားစုက သတိုးသမီးကို ပြန်လာဖို့ တိုက်တွန်းခဲ့ပေမယ့် သတိုးသမီးက ငြင်းဆန်ခဲ့ပြီး သတိုးသား ပညာရေးကို အမှန်အတိုင်းမပြောဘူးလို့ ဆိုပါတယ်။

ဒေသခံရဲတပ်ဖွဲ့တွေက မိသားစု ၂ ခုအကြားကြားဝင်ဖြေရှင်းခဲ့ပြီး မင်္ဂလာပွဲအတွက် ပေးထားတဲ့ ရွှေငွေလက်ဆောင်တွေအားလုံးကို ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

By DVB
http://burmese.dvb.no

No comments:

Post a Comment