Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 19, 2015

လက်နှစ်ဖက်မရှိသော်လည်း အောင်မြင်မှုတွေ ပိုင်ဆိုင်ထားသူ


နစ်ခ်ဗူအီဆစ် ဆိုတဲ့ အမျိုးသားဟာ မွေးကတည်း လက်နှစ်ဖက်လုံးမပါလာခဲ့သူ ဖြစ်ပါတယ်။ ခြေနှစ်ချောင်းကလည်း ပါတယ်ဆိုရုံလောက်သာဖြစ်ပါတယ်။ မွေးကင်းစအရွယ်မှာ သူ့ရဲ့ပုံစံကို ကြည့်ပြီး သူ့ရဲ့မိဘတွေက နစ်ခ် တစ်ယောက်အရွယ်ရောက်လာတဲ့အခါ မသန်စွမ်းသူတစ်ယောက်အနေနဲ့ ဒုက္ခတွေ အများကြီးရောက်ပြီး ဖြတ်သန်းရမယ့်အရေးကို တွေးပူကာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခု ၃၂ နှစ်ရှိပြီဖြစ်တဲ နစ်ခ်ဟာ အောင်မြင်တဲ့ စိတ်ဓါတ်မြှင့်တင်ရေးသမား တစ်ယောက်ဖြစ်နေပါပြီ။ သူရဲ့ဟောပြောပွဲတွေကို ကမ္ဘာအရပ်ရပ်မှာ မပြတ်တမ်းကျင်းပနေရပြီး လူထောင်ပေါင်းများစွာ တက်ရောက်နားထောင်ကြရပါတယ်။ သူဟာ ငယ်စဉ်ကတည်းက သူတပါးအကူအညီကို တက်နိုင်သလောက် မယူပဲ ကြီးပျင်းလာခဲ့သူဖြစ်ပါတယ်။ လက်နှစ်ဖက်လုံးမရှိတဲ့အပြင် မတ်တပ်ရပ်နိုင်ရုံလောက် ခြေဖဝါးငယ်လေးတွေသာ ရှိပေမယ့် သွားတားတိုက်ကာအစ နစ်ခ်ဟာ ကိုယ့်ဘာသာ လုပ်လေ့ရှိသူဖြစ်ပါတယ်။ လက်နှစ်ဖက်မရှိတဲ့ နစ်ခ်ဟာ သာမန်လူတွေထက်တောင် အားကစားလုပ်ပါသေးတယ်။ ဘောလုံးလည်း တစ်ခါတစ်လေကန်သလို၊ ရေလည်းကူးပါတယ်။ ရေလွှာလျှောစီး ကစားနည်းလည်း ကစားလေ့ရှိသူ ဖြစ်ပါတယ်။ လက်နှိပ်စက်လည်း ရိုက်တက်သူဖြစ်နေပြန်ပါတယ်။ နစ်ခ်ပြောတာကတော့ ယုံကြည်မှု(confident) ဆိုတာ သူ့အလိုလိုရလာတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်ကိုတိုင် တည်ဆောက်ရတဲ့အရာဖြစ်ပါတယ်။ နစ်ခ်ဟာ ဒီလိုမသန်စွမ်း အခြေအနေကြောင့် ငယ်စဉ်က ကျောင်းခန်းထဲမှာ အနိုင်ကျင့်လှောင်ပြောင်ခံခဲ့ရဖူးပါတယ်။ အပေါင်းအသင်းတွေရဲ့ အနိုင်ကျင့်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကဆိုရင် ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင်နေပြီး ကာနေးဆိုတဲ့ ဇနီးချော နဲ့အတူ အသက် ၂ နှစ်အရွယ်သားငယ်တို့နဲ့ ပျှော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်။

 PlanetMyanmar

No comments:

Post a Comment