Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 26, 2015

ရေလုပ်ငန်းက ကျွန်ပြုခိုင်းစေမှုများ အရေးယူဖို့ ကန် တိုက်တွန်း

ထိုင်းနိုင်ငံတွင်းက ငါးဖမ်းလုပ်ငန်းခွင်။

နိုင်ငံခြားကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်ပြုခိုင်းစေနေတဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေကို အရေးယူ ဖြိုခွင်းပေးဖို့ အမေရိကန် အစိုးရနဲ့ လုပ်ငန်းရှင်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ မနေ့က ထုတ်ပြန်ခဲ့တဲ့ အေပီ သတင်းတပုဒ်မှာ ထိုင်းနိုင်ငံက ပင်လယ်ရေထွက် ပစ္စည်းတွေဟာ အိမ်နီးချင်းမြန်မာနဲ့ တခြားဆင်းရဲတဲ့ နိုင်ငံတွေက အလုပ်သမားတွေကို ကျွန်ပြုခိုင်းစေပြီး အမေရိကန်နိုင်ငံက စူပါမားကက်တွေ၊ စားသောက်ဆိုင်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်စာ ရောင်းတဲ့ ဆိုင်ကြီးတွေကို ဖြန့်နေကြောင်း အချက်အလက် အပြည့်အစုံ ဖေါ်ပြရေးသားထားတာပါ။

အခုလို လူကုန်အကူးခံရမှုတွေနဲ့ အတူ၊ လူ့အခွင့်ရေးချိုးဖေါက်ခံနေရတဲ့ ထိုင်းနိုင်ငံ ငါးလုပ်ငန်းကထွက်တဲ့ ပင်လယ်စာ အများအပြားကို အမေရိကန်နိုင်ငံကို တင်သွင်းနေတာနဲ့ ပါတ်သက်ပြီး မနေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အထူးစိုးရိမ်ကြောင်း နဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်အောင် လုပ်ဆောင်ဖို့ တောင်းဆို လိုက်ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဂျန်ဆာကီက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးကို အောက်ခြေ စံနှုံး ပြည့်မှီအောင်တောင် မလုပ်နိုင်တဲ့အတွက် အမည်မည်းစားရင်းသွင်းထားတယ် လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၁.၆ သန်းရှိကြောင်းနဲ့ အများစုဟာ ငါးလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး အခုအစိုးရဆီမှာ မှတ်ပုံတင်ကြရသလို သူတို့ကို ထိုင်းလုပ်သားတွေလိုပဲ အကာအကွယ်တွေ ပေးထားတယ် လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ငါးလုပ်ငန်းမှာ လုပ်နေတဲ့ ငါးဖမ်းလှေ ၇၇၀၀ ကျော် အတွက် စောင့်ကြည့်စက်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး အနီးကပ် စစ်ဆေးမှုတွေကို ပိုလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရဟာ အလုပ်သမားတွေအတွက် လုပ်ခလစာသတ်မှတ်ပေးတာ၊ နာမကျန်းခွင့်ပေးတာနဲ့ ၁၄ နာရီထက် ပိုပြီးအလုပ်မခိုင်းစေဖို့လို လုပ်အားအဓမ္မ ခိုင်းစေမှုတွေအတွက် ဥပဒေသစ်တွေ ပြဌာန်းပေးခဲ့ပေမယ့် လုံလောက်မှု မရှိကြောင်းနဲ့ ငါးလုပ်ငန်းက နိုင်ငံခြားလုပ်သားတွေ ညှင်းပမ်းနှိပ်စက် ခံရမှုနဲ့ ပါတ်သက်ပြီး အရေးယူလုပ်ဆောင်ဖို့လိုတယ်လို့ ဝေဖန်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

တကယ်တော်တဲ့ဂျာနယ်လစ်တွေ။...................................................................မြန်မာအများစုပါဝင်သော ငါးဖမ်းသမားများနှင့် တွေ့ဆုံကာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုကို အေပီဂျာနယ်လစ်များက ဖော်ထုတ်နိုင်ခဲ့ ။အေပီသတင်းဌာနမှ အဖွဲ့တစ်ဖွဲ့က တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းရှိ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားအရှေ့ဖျားရှိ ကျွန်းနှစ်ကျွန်းကို ခွလျက်တည်ရှိသော မြို့ငယ်တစ်မြို့ဖြစ်သည့် ဘင်ဂျီနာမြို့အထိ အေပီသတင်းအဖွဲ့က သွားရောက်ခဲ့ခြင်း ဖြစ်သည်။ယင်းမြို့တွင် အေပီဂျာနယ်လစ်များက ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေခြင်းခံရသော လက်ရှိအလုပ်သမားများနှင့် အလုပ်သမားဟောင်း ၄ဝ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာ အများစုသည် မြန်မာနိုင်ငံမှဖြစ်ကြောင်း သိရသည်။အလုပ်သမား အများအပြားက သူတို့သည် ထိုင်းကပ္ပတိန်များ ဦးစီးသည့် ငါးဖမ်းသင်္ဘောများပေါ်၌ အလွန်အကျွံ ရက်စက်ကြမ်းကြုတ်သည့် အခြေအနေရပ်များအောက်၌ အတင်းအကျပ်ခိုင်းစေခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ သူတို့ထဲမှ အချို့ကို အလွန်နည်းပါးလှသော မဖြစ်စလောက် အခကြေးငွေကိုသာပေးပြီး အချို့သည် အခကြေးငွေ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိဟုဆိုသည်။ အချို့သည် ပင်လယ်သို့ တစ်ကြိမ် ငါးဖမ်းထွက်လျှင် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီလျက် ကြာမြင့်သည်ဟုဆိုသည်။အေပီသတင်းအဖွဲ့သည် အထဲတွင် ကျွန်ပြုကာ ဖမ်းဆီးထားသည့် အလုပ်သမား ရှစ်ဦးရှိနေသည့် အချုပ်ခန်း တစ်ခန်းကိုလည်း တွေ့ရှိခဲ့ရပြီး ယခင်က ကိုယ်တိုင်ကျွန်ပြု ခိုင်းစေခြင်း ခံခဲ့ရသူတစ်ဦးအား ဗီဒီယိုကင်မရာပေးကာ အနီးကပ်ရိုက်ကူး စေခဲ့သည်ဟု ဆိုသည်။ညအမှောင်ကို အကာအကွယ်ယူကာ အေပီသတင်းအဖွဲ့သည် သစ်သားလှေတစ်စင်းဖြင့် ကျွန်ပြုခြင်းခံထားရသည့် အလုပ်သမားများ ရှိနေသော ငါးဖမ်းသင်္ဘော တစ်စင်းဆီသို့ ချဉ်းကပ်သွားခဲ့ကြသည်။ သင်္ဘောပေါ်မှ ဖမ်းဆီးကျွန်ပြု ခံထားရသူများက မိမိတို့အား ကယ်ဆယ်ရန် အေပီသတင်းအဖွဲ့အား အော်ဟစ်အကူအညီ တောင်းခံခဲ့သေးဟု ဆိုသည်။အေပီသတင်းအဖွဲ့သည် ကျွန်ပြုခံရပြီး သေဆုံးသွားသည့် အလုပ်သမားများအား မြှုပ်နှံထားရာ တောအုပ်ထဲရှိ သင်္ချိုင်းမြေ တစ်ခုဆီသို့လည်း ရွာသားများနှင့် အကျိုးအမြတ် ရယူခြင်းမရှိသည့် လူမှုရေးအဖွဲ့များမှ ဝန်ထမ်းများဦးဆောင်မှုဖြင့် သွားရောက်ကြည့်ရှုခဲ့သေးဟု ဆိုသည်။အေပီသတင်းအဖွဲ့သည် ကျွန်း၏တောနက်ပိုင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သော အလုပ်သမားဟောင်း သုံးဦးနှင့်လည်း တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပြီး ထိုသူများက သူတို့သည် ဘင်ဂျီနာမြို့မှ ထွက်ပြေးလွတ်မြောက်လာသော အခြားအလုပ်သမားများနှင့်အတူ အနီးအနား ကျွန်းတစ်ခုပေါ်ရှိ တောအုပ်တစ်ခုအတွင်း တစ်ညတာ အိပ်စက်ခဲ့ရကြောင်း ပြောပြခဲ့ကြသည်။ယင်းကဲ့သို့ ကျွန်ပြုခံထားရသူများ ဖမ်းဆီးသည့် ငါးများကို ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် အအေးခန်း ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်သည်ကိုလည်း သတင်းအဖွဲ့က စောင့်ကြည့်ခဲ့ကြသည်။ သတင်းအဖွဲ့သည် ဂြိုဟ်တုအချက်ပြမှုများကို အသုံးပြုလျက် အဆိုပါသင်္ဘောနောက်သို့ ၁၅ ရက်ကြာ ခြေရာခံလိုက်ခဲ့ကြပြီး ယင်းသင်္ဘောကို ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်မြို့၌ တွေ့ရှိခဲ့ကြသည်။ အဆိုပါမြို့တွင် ငါးများကို ကုန်တင်ကားပေါင်း များစွာပေါ်သို့ လေးညတိတိ ရွှေ့ပြောင်းတင်ဆောင် ကြသည်ကိုလည်း တွေ့ရှိခဲ့သည်ဟုဆိုသည်။အေပီဂျာနယ်လစ်များသည် အဆိုပါ ကုန်တင်ကားများနောက်သို့ ခြေရာခံလိုက်ခဲ့ကြရာ ငါးများကို ဆက်လက်လုပ်ဆောင်သည့် စက်ရုံများ၊ အအေးခန်း ဂိုထောင်များနှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ငါးဈေးကွက်ကြီး တစ်ခုလုံးကို တွေ့ရှိခဲ့ရသည်ဟုဆိုသည်။Ref: APPosted by EMG

Posted by The Melting Pot 4 U on Thursday, 26 March 2015

No comments:

Post a Comment