Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 10, 2015

ပျောက်ဆုံးလျက်ရှိသော ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက် မိန်းကလေးသုံးဦး ဆီးရီးယားနိုင်ငံ အယ်လ်ရတ်ကာ မြို့တွင် နေထိုင်လျက်ရှိ




ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ဗြိတိန်နိုင်ငံမှ ထွက်ခွာခဲ့သော ပျောက်ဆုံးလျက် ရှိသည့် ဆယ်ကျော်သက် ကျောင်းသူ မိန်းကလေး သုံးဦးသည် ယခုအခါ ဆီးရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် ခဲ့ပြီးနောက် အယ်လ်ရတ်ကာ မြို့ရှိ နေအိမ် တစ်အိမ်၌ နေထိုင်လျက် ရှိသည်ဟု ယူဆရကြောင်း SKY သတင်းဌာနက ထုတ်ပြန် ခဲ့သည်။

အသက် ၁၆ နှစ်အရွယ် ကာဒီဇာဆူလ် တန်နာ အမည်ရှိ မိန်းကလေး တစ်ဦး အပါအဝင် အသက် ၁၅ နှစ်အရွယ်ရှိ အမီရာ အဘက်ခ် နှင့် ရှာမီမာဘီဂမ် အမည်ရှိ မိန်းကလေး နှစ်ဦးတို့သည် တူရကီနိုင်ငံ သို့ သွားရန်အတွက် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဗြိတိန်နိုင်ငံရှိ ဂက်စ်ဝစ်ခ် လေဆိပ်သို့ ထွက်ခွာ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၄င်းတို့သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အရှေ့ဘက်ရှိ Bethnal Green Academy တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသူများ ဖြစ်ပြီး ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ ကြကြောင်း
အာဏာပိုင်များက ပြောကြား ခဲ့သည်။

British Police Believe 3 Missing Schoolgirls Crossed Into Syria

#PyiChitThar

No comments:

Post a Comment