Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 15, 2015

မက္ကဆီကို တွင် မြို့တော်ဝန်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ခေါင်းဖြတ်သတ်ခံရ


မက္ကဆီကို နိုင်ငံတွင် မြို့တော်ဝန် အဖြစ် ဝင်ရောက် အရွေးခံမည့် အသက် ၄၂ နှစ် အရွယ်ရှိ အမျိုးသမီး သည် ပြန်ပေးဆွဲ ခံရပြီး နိုင်ငံ၏ အနောက် တောင်ပိုင်း ပြည်နယ်တွင် ခေါင်းဖြတ်သတ်ဖြတ် ခံရကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်း Aide Nava ၏ ရုပ်အလောင်းကို ဂွာရာဂိုပြည်နယ် မြောက်ပိုင်းတွင် အာဏာပိုင်များက ရှာဖွေတွေ့ရှိ ကြောင်း၊ ၄င်းပြည်နယ်သည် ပြီးခဲ့သည့် နှစ်က ဆရာ အတတ်သင်ကျောင်း မှ ကျောင်းသား ၄၃ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံ ရသော ပြည်နယ် ဖြစ်ကြောင်း ပြည်နယ်အစိုးရ ရှေ့နေများက မတ် ၁၁ ရက်တွင် ပြောကြားသည်။

လက်ဝဲယိမ်း ပါတီတစ်ခု ဖြစ်သည့် ဒီမိုကရက်တစ် တော်လှန်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း Aide Nava သည် မတ် ၁ဝ ရက်က အာဟာဟူဇင်ဂိုမြို့ ၌ ပြန်ပေးဆွဲ ခံရခြင်း ဖြစ်ပြီး ၄င်းသည် ဇွန်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ မြို့တော်ဝန် အဖြစ် ရွေးချယ်ခံရဖွယ် ရှိသော အလားအလာ ကောင်းရှိသူ ဖြစ်ကြောင်း အစိုးရရှေ့နေ တစ်ဦးက ဆိုသည်။

Aide Nava ၏ နောက်ကျော ဘက်တွင် ဂွာရာဂိုပြည်နယ် ၏ ထိပ်သီး ရာဇဝတ်ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည့် Los Rojos ဂိုဏ်းအမည် ရေးသား ထားသည်ကို တွေ့ရကြောင်း သိရသည်။

သူမ အသတ်ခံရသော သတင်းသည် နိုင်ငံရေးသမား များကို ခြိမ်းခြောက် နေသည့် သတင်းတစ်ပုဒ် ဖြစ်လျက် ရှိသည်။ Aide Nava ၏ သားဖြစ်သူ Francisco Quiñónez Nava သည် ၂၀၁၂ ခုနှစ် အောက်တိုဘာ က ပြန်ပေးဆွဲ ခံရပြီး ပြန်ပေးငွေ ပီဆို ၃၀၀၀၀၀ ( ပေါင် ၁၃၀၀၀ ) တောင်းခံခဲ့ကာ ယခုအချိန်ထိ ပျောက်ဆုံး လျက်ပင် ရှိနေသေးသည်။ မြို့တော်ဝန် အဖြစ် တာဝန် ထမ်းဆောင်ဖူးသူ Aide Nava ၏ အမျိုးသား ဖြစ်သူ Francisco Quiñónez Ramírez သည်လည်း ၂ဝ၁၄ ခုနှစ် ဇွန်လက အသတ်ခံ ခဲ့ရကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment