Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

သပိတ်မှောက်ကျောင်းသားတွေကို လမ်းဖွင့်ပေးပါ

ဓါတ်ပုံ- ရဲရင့်ကျော်
ဒါနဲ့စကားမစပ်ပြောရဦးမယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ၁၃၀၀ ပြည့်အရေးတော်ပုံ
ကြီးကို ဖြစ်စေခဲ့တဲ့ ရေနံမြေသပိတ်တပ်ကြီးဟာလည်း ချောက်၊ ရေနံချောင်း၊ လမ်းရွာကနေ ရန်
ကုန်မြို့ကို ခြေလျင်ချီတက်ခဲ့တာပါ။ နောက်ရန်ကုန်မြို့မှာ သပိတ်စခန်းချခဲ့တာပါ။ တိုင်းတပါး
သားအစိုးရ၊ ကိုလိုနီအစိုးရ၊ နယ်ချဲ့အစိုးရ အုပ်ချုပ်ခဲ့တဲ့ခေတ်တုန်းကတောင် ရေနံမြေအလုပ်သ
မားသပိတ်တပ်ကြီးဟာ ရန်ကုန်မြို့ကို အရောက်ချီတက်နိုင်ခဲ့တာပါ။ နယ်ချဲ့အင်္ဂလိပ်ကိုလိုနီအစိုး
ရက အဲဒီအလုပ်သမားသပိတ်တပ်ကြီး ရန်ကုန်မြို့ကို ရောက်ရင် တရားဥပဒေစိုးမိုးရေး၊ အေးချမ်း
သာယာရေး၊ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်တယ်လို့ လူသိရှင်ကြားပြောခဲ့တာ မတွေ့ရဘူး။
အဲဒါ တိုင်းတပါးသားအစိုးရနော်။ နယ်ချဲ့အစိုးရနော်။ နောက် အဲဒီတုန်းက ရန်ကုန်မြို့ဟာ မြန်မာ
နိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ကြီးနော်၊ အစိုးရအဖွဲ့ရုံးတွေအားလုံး ရန်ကုန်မှာရုံးစိုက်တာနော်။ အဲ
ဒီခေတ်တုန်းက အင်တာနက်မရှိဘူး။ ဖေ့စ်ဘုတ်မရှိဘူး။ ကင်မရာတွေဒီလောက်မကောင်းဘူး။ အဲ
ဒီကာလမှာတောင် နယ်ချဲ့ကိုလိုနီအင်္ဂလိပ်အစိုးရက ရေနံမြေသပိတ်တပ်ကြီးကို ကိုင်တွယ်ခဲ့ပုံဟာ
အတော့်ကို လူကြီးလူကောင်းဆန်၊ ယဉ်ကျေးတာ တွေ့ရပါတယ်။ ကျနော်မေးချင်တာက ဘာဖြစ်
လို့ ကိုယ့်လူမျိုးအစိုးရ၊ မြန်မာအစိုးရက အုပ်ချုပ်တဲ့ခေတ်ကျမှ ဘာဖြစ်လို့ ရမယ်အမျိုးမျိုးရှာနေရ
တာလည်း။ ခင်ဗျားတို့ကျနော်တို့ နယ်ချဲ့ကိုလိုနီအစိုးရလို့ပြောတဲ့ အင်္ဂလိပ်ကတောင် သဘော
ထားကြီးကြီး၊ လူကြီးလူကောင်းဆန်ဆန် ပြုမူနိုင်ခဲ့ပါလျက်နဲ့ ဘာဖြစ်လို့ ကျောင်းသားတွေကို
လူကြီးလူကောင်းဆန်ဆန်၊ အမြော်အမြင်ရှိရှိ ရင်မဆိုင်ရဲရတာလဲ။ လမ်းလုံးဝမလျှောက်ရဘူး။
အလံမလွှင့်ရဘူး။ သီချင်းမဆို၊ သီချင်းမဖွင့်ရဘူး လို့ ဘာဖြစ်လို့ အာဏာရှင်လေသံတွေနဲ့အမိန့်
ပေးနေရတာလဲ။ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသားစစ်ကြောင်းကို မနက်ဖြန်၊ သဘက်ခါမှာ အပြီးသတ်နိုင်ဖို့၊ ဘာဖြစ်လို့ ဒီနေ့မှာ သဘောမတူနိုင်ရတာလဲ။ နယ်ချဲ့အင်္ဂလိပ်
မျက်နှာဖြူအစိုးရတောင်မှ ကိုလိုနီခေတ်တုန်းက မထုတ်ခဲ့ဘူးတဲ့ အမိန့်၊ စည်းကမ်းတွေထုတ်
တာ လုံးလုံးကြောင်းကျိုးမဆီလျော်ပါ။ ပိုသိအောင်ပြောပြချင်တာက၊ ရေနံမြေသပိတ်ခေတ်
တုန်းက လမ်းမှာ ပုဒ်မ ၁၄၄ ထုတ်ထားတာတောင် ရန်ကုန်အရောက် သပိတ်တပ်ကြီးဟာချီ
လာနိုင်ခဲ့တယ်။ ကျနော်နားမလည်ဘူး။ ဘာဖြစ်လို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေပါ
တယ်ဆိုတဲ့ အစိုးရက နယ်ချဲ့အစိုးရလောက် ကိုယ့်လူမျိုးအပေါ် နားမလည်နိုင်၊ သဘောထား
မကြီးနိုင်ရတာလဲ။ အမြော်အမြင်မရှိရတာလဲ။ ပြည်သူကိုမျက်နှာမူတယ်ဆိုတဲ့လွှတ်တော်တွေ
ကရော ဘာဖြစ်လို့ နှုတ်ဆိတ်နေရတာလဲ။ အမှတ်မမှားဘူးဆိုရင် အင်္ဂလိပ်အစိုးရခေတ် ပါလီ
မန်လိုမှာတောင် ဗမာအမတ်တွေက ရေနံမြေသပိတ်အကြောင်း မေးခွန်းတွေမေး၊ တိုက်တွန်း
တာတွေလုပ်ခဲ့နိုင်သေးတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်တွေက ဘာဖြစ်လို့ ကျောက် ဆစ်ရုပ်တွေ ဖြစ်နေရတာလဲ။ သတင်းမီဒီယာတွေက တာဝန်ကျေလျက်ပါ။ အရပ်ဘက်လူမှု
အဖွဲ့အစည်းအများစုကလည်း တာဝန်ကျေလျက်ပါ။ တစ်ချို့က လွှဲရင်ပေါ့။ ပွဲစားအဖြစ် ကြား
ဝင်ဖို့အားထုတ်နေတဲ့သူတွေလည်း ရှိကောင်းရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ တပေါင်းလပြည့်
နေ့၊ နေ့ထူးနေ့မြတ်မှာ အစိုးရနဲ့အာဏာပိုင်တွေက ကျောင်းသားတွေကို လမ်းဖွင့်ပေးလိုက်တာ
မြင်ချင်စမ်းပါဘိတယ်ဗျာ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။
https://www.facebook.com/yan.m.thein

ဓါတ်ပုံ- ရဲရင့်ကျော်

No comments:

Post a Comment