ကျောင်းသားသပိတ် ထောက်ခံဆန္ဒထုတ်ဖော်ပွဲအား အကြမ်းဖက်ခဲ့သည့်အပေါ် ဆန့်
ကျင်သည့် လှုပ်ရှားမှုကို ဟင်္သာတခရိုင်ကျောင်းသားသမဂ္ဂ ဦးဆောင်၍ ဟင်္သာတမြို့
အာဇာနည်ပန်းခြံရှေ့တွင် မတ်လ ၉ ရက်က ပြုလုပ်ခဲ့သည်။
ထိုလှုပ်ရှားမှုတွင် ဟင်္သာတ တက္ကသိုလ်၊ နည်းပညာတက္က သိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် မှ ကျောင်းသား၊ ကျောင်းသူ သုံး ဆယ်ကျော်ပါဝင်ခဲ့ပြီး လက်ပံ တန်းတွင် ရှိနေသည့် ကျောင်းသားသပိတ် ရင်ဆိုင်နေရသည့် အခက် အခဲများကို ဟောပြောခဲ့ကြောင်း ဟင်္သာတခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။အချိန်တစ်နာရီကျော်ကြာခဲ့ ပြီး အကြမ်းဖက်မှုကို ပြည်သူလူ ထုက ၀န်းရံကာကွယ်ပေးရန်ပါ လက်ကမ်းစာစောင်နှင့် စတစ်ကာများ ဝေငှခဲ့ကြောင်း သတင်းရရှိ သည်။
ရန်ကုန်မြို့တွင် မတ်လ ၅ ရက်က ပြုလုပ်ခဲ့သည့် ကျောင်း သားသပိတ်ထောက်ခံဆန္ဒပြပွဲ ကို ရဲတပ်ဖွဲ့နှင် အနီရောင်လက် ပတ်ဝတ် အရပ်သားများက အ ကြမ်းဖက်နှိမ်နင်းခဲ့သည်။ ယင်း ဖြစ်စဉ်အပေါ် ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကို နယ်ဒေသအချို့ နှင့် ရန်ကုန်မြို့တွင် နိုင်ငံရေးအင် အားစုများနှင့် ကျောင်းသားများ ပူး ပေါင်းလုပ်ဆောင်နေကြသည်။ အဓိကတာဝန်ရှိသူ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဥပဒေနှင့် အညီလုပ်ခဲ့ခြင်းဖြစ် ကြောင်း ပြောပြီး လက်ရှိအခြေအ နေတွင် အကြမ်းဖက်ဖြေရှင်းခဲ့ သည့် လုပ်ရပ်အပေါ် နိုင်ငံရေးကျွမ်းကျင်သူများနှင့် ပြည်သူများ၏ ဝေဖန်မှုကို ခံနေရသည်။
http://7daydaily.com/story/33444#.VP87ROGIXao

No comments:
Post a Comment