Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 12, 2015

မက္ကစီကို ကမ်းလွန်တွင် ကမ္ဘာလှည့် ခရီးသည်လှေပေါ် ဝေလငါး ခုန်တက်လာ၍ အမျိုးသမီးတစ်ဦး သေဆုံး


မက္ကစီကို ကမ်းလွန်တွင် ကမ္ဘာလှည့် ခရီးသည် လှေပေါ်သို့ ဧရာမ ဝေလငါးကြီးတစ်ကောင် ခုန်တက်လာမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
မက္ကစီကို အာဏာပိုင်များက မီးခိုးရောင် ဝေလငါး တစ်ကောင်သည် ရေမျက်နှာပြင်ပေါ် တက်လာချိန်တွင် ကမ္ဘာလှည့် ခရီးသည်များ တင်ဆောင်လာသည့် လှေငယ်ပေါ် ရိုက်ခတ်မိခဲ့ပြီး အသက်(၄၅)နှစ်အရွယ် ကနေဒါ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကြေညာခဲ့သည်။
မက္ကစီကိုနိုင်ငံ၊ ဘာယာ ကယ်လီဖိုးနီယားဆား ပြည်နယ်မှ ရဲအရာရှိ တစ်ဦးက ကာဘိုဆန်လူးကက်စ် အပန်းဖြေ ကမ်းခြေနှင့် (၂)ကီလိုမီတာမျှသာ ကွာဝေးသော ကမ်းလွန်ပင်လယ်တွင် ယခုမတော်တဆမှု ပေါ်ပေါက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။
မတ်လ ၁၁ ရက်၊ နေ့လယ်ပိုင်းက ပင်လယ်ပြင်ဘက်မှ ဆိပ်ကမ်းဘက် လှေငယ်ပြန်လည် ခုတ်မောင်းလာစဉ် ဝေလငါးကြီးက အနီးကပ် ခုန်ပေါက်ခဲ့ရာမှ လှေပေါ်တည့်တည့် ကျလာခြင်း ဖြစ်သည်။ ထို့နောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့် အမျိုးသမီးကို ကမ်းခြေအရောက် သယ်ဆောင်လာပြီး ကုသပေးခဲ့သော်လည်း သေဆုံးသွားခြင်း ဖြစ်သည်။
ဒေသဆိုင်ရာ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဦးစီးမှူး ဟွမ်ကာဗာယဲလ် ဖီဂွာရိုအာက အခင်းဖြစ်ပွားပြီးနောက် မက္ကစီကို ရေတပ်သည် လှေရှိရာ ချက်ချင်းသွားရောက်ပြီး အမျိုးသမီးကို သယ်ထုတ်ခဲ့ကြောင်း ဆိုသည်။ သူမသည် ကမ်းခြေရှိ ဆေးခန်းတစ်ခုထိ ရောက်ရှိခဲ့သေးသော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ မက္ကစီကို အာဏာပိုင်များက သေဆုံးသူ အမျိုးသမီး၏ နေရပ်နှင့် အမည်ကို ထုတ်ဖော်ကြေညာမှု မရှိသေးကြောင်းလည်း သိရသည်။
_Ref: Inquisitr
http://7daydaily.com/story/33581#.VQGTRI7F-So

No comments:

Post a Comment