အေသင်အောင်
ဆယ်လ်ဖီ (Selfie) ယဉ်ကျေးမှုဟာ တဖြည်းဖြည်း ပျံနှံ့လာတာနဲ့ အမျှ ဆယ်လ်ဖီ ရိုက်ကူးဖို့ အထောက်အကူပြု ပစ္စည်းတွေလည်း မျိုးစုံ ထွက်ပေါ် လာခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာ ခေတ်စားနေတာ ကတော့ ဆယ်လ်ဖီ တုတ်တံတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆယ်လ်ဖီ ရိုက်ကူးဖို့ ပြုလုပ် ထားတဲ့ ထူးခြားတဲ့ ပစ္စည်းတွေ အများအပြားရှိ နေပြီး ဒီအထဲက စိတ်ဝင်စားစရာ ပစ္စည်း အချို့ကို ဖော်ပြပေးလိုက် ပါတယ်။
(၁) ဆယ်လ်ဖီဦးထုပ်
၂၀၁၄ လန်ဒန်ဖက်ရှင်ပြပွဲမှာ စတင် မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဦးထုပ်ဟာ ထူးခြားပြီး ဆယ်လ်ဖီ ရိုက်ကူးလိုသူတွေ အတွက် သီးသန့်တီထွင် ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်မှာ အကန့်အသတ်နဲ့သာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ တက်ဘလက်၊ မိုလ်ဘိုင်းဖုန်းစတဲ့ အရာတွေကို ဦးထုပ်မှာ တွဲပြီး ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ ဖက်ရှင်ပြပွဲမှာတော့ ပန်းရောင် ဆယ်လ်ဖီဦးထုပ်ကို မိတ်ဆက် ပြသမှု ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီဦးထုပ်ကို ဒီဇိုင်နာ ခရစ္စတီယန်ကိုဝန်ဆန်လူးဝစ်က ဒီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။
(၂) ဆယ်လ်ဖီ ပေါင်မုန့် မီးကင်စက်
တက်ဘလက်၊ ဖုန်းစတဲ့ အရာတွေနဲ့ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးရ တာကို အားမရတဲ့ သူတွေအတွက် ရည်ရွယ် ထုတ်လုပ် လိုက်တဲ့ ပစ္စည်း ကတော့ ထူးခြားနေခဲ့ပါတယ်။ အဲဒီ ပစ္စည်း ကတော့ ဆယ်လ်ဖီပေါင်မုန့် မီးကင် စက်ပဲ ဖြစ်ပါတယ်။ ပေါင်မုန့် တစ်ချပ်ကို အဲဒီစက်နဲ့ မီးကင် လိုက်မယ် ဆိုရင် ကိုယ့်ရဲ့ပုံရိပ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီပစ္စည်းကို အမေရိကန် အခြေစိုက် ကုမ္ပဏီ တစ်ခုက ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မိမိရဲ့ ပုံရိပ်တွေ အခြားသူများရဲ့ ပေါင်မုန့်ပေါ်မှာ ထင်အောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ တကယ်လို့ မိမိရဲ့ ပုံရိပ်ကို ပေါင်မုန့်ပေါ်မှာ ထင်ချင်တယ် ဆိုရင် တော့ (၇၅) ဒေါ်လာ ပေးပြီး လုပ်ဆောင်လို့ ရတယ်လို့ ဆိုထား ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လုပ်ချင်ရင်တော့ အချိန်တစ်ပတ်ခန့် ယူရမယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။
(၃) ဘယ်လ်ဖီ တုတ်တံ
ဆယ်လ်ဖီ ယဉ်ကျေးမှုနဲ့အတူ ရေပန်းစားနေတာ တစ်ခုကတော့ ဘယ်လ်ဖီ ရိုက်ကူးမှုပဲ ဖြစ်ပါတယ်။ ဘယ်လ်ဖီ ရိုက်ကူးမှုဆိုတာ တင်ပါးအလှ ကို ဦးစားပေး ရိုက်ကူးခြင်း ဖြစ်ပါတယ်။ မိမိရဲ့ တင်ပါးအလှကို ရိုက်ကူးချင်တယ် ဆိုရင်တော့ ဘယ်လ်ဖီတုတ်တံကို ဆောင်ထား ရမှာ ဖြစ်ပါတယ်။ ဘယ်လ်ဖီတုတ်တံမှာ ဖုန်းကို တပ်ဆင်ပြီး တင်ပါး အလှကို စိတ်ကြိုက် ရိုက်ကူးလို့ ရတယ်လို့ ဆိုထား ပါတယ်။ ဘယ်လ်ဖီ တုတ်တံဟာ ကွေးဆန့်လို့ရပြီး တင်ပါးအလှကို ပေါ်လွင်အောင် ရိုက်ကူးလို့ ရတာမို့ လူကြိုက်များနေ တယ်လို့ သိရပါတယ်။
(၄) ဆယ္လ္ဖီဟမ္ဘာဂါ
ဒီဆယ်လ်ဖီ ရိုက်ကူးနည်းကတော့ တစ်မျိုး ထူးခြားနေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စားသောက်ရမယ့် ဟမ်ဘာဂါမှာ ကိုယ့်ရဲ့ ပုံရိပ်ကို ပုံဖော် ထားခြင်း ဖြစ်ပါတယ်။ အစား အသောက်တွေ ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုဟာ ဈေးကွက်မြှင့်တင်တဲ့ အနေနဲ့ ဆယ်လ်ဖီ ဟမ်ဘာဂါကို မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ မုန့်ကားပေါ်မှာ သရီးဒီပရင်တာကို ထားရှိထား ပါတယ်။ ဒီနောက်မုန့် ပြုလုပ်သူဟာ ၀ယ်ယူသူရဲ့ မျက်နှာကို ဖုန်း ကင်မရာနဲ့ ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး မုန့်ပြုလုပ်တဲ့ အခါ ရိုက်ကူး ထားတဲ့ ဖုန်းကင်မရာနဲ့ သရီးဒီပရင်တာကို ချိတ်ဆက်ပြီး မုန့်ပေါ်မှာ ရုပ်ပုံကို ပုံဖော်ခြင်း ဖြစ်ပါတယ်။ မုန့်စားတဲ့အခါမှာ ကိုယ့်ရဲ့ရုပ်ပုံ မြင်တွေ့ရခြင်းကြောင့် ၀မ်းသာ ကြည်နူးမှု ဖြစ်သွားစေ မှာပါ။
(၅) ဆယ်လ်ဖီ ဘီး
ဆယ်လ်ဖီဘီးကတော့ ဖုန်းကာဗာပုံစံ ပြုလုပ် ထားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါ တယ်။ ဘီးပုံစံထဲမှာ ဖုန်းကို ထည့်သွင်းပေး ထားခြင်း ဖြစ်ပါတယ်။ အရောင် မျိုးစုံနဲ့ ပြုလုပ်ပေး ထားပြီး ဘီးထဲမှာ ထည့်ထားတဲ့ ဖုန်းနဲ့ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ်နိုင်အောင် ဖန်တီးပေး ထားခြင်း ဖြစ်ပါတယ်။
(၆) ဆယ်လ်ဖီမှန်
ဆယ်လ်ဖီရိုက်ကူးသူတွေဟာ မိမိရဲ့ ပုံ ရိပ်ကို ပေါ်လွင်အောင် မှန်ရှေ့မှာ ရိုက်ကူးမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဖုန်းကို အသုံးပြုစရာ မလိုဘဲ မှန်ရှေ့မှာ ဆယ်လ်ဖီ ရိုက်ကူးလို့ရအောင် ပြုလုပ်ပေး ထားတဲ့ ပစ္စည်း တစ်ခုရှိပါတယ်။ ဒီပစ္စည်းဟာ အဆင့်မြင့်ပြီး တွစ်တာလို လူမှုကွန်ရက် ၀က်ဘ်ဆိုက် တွေနဲ့ ချိတ်ဆက် အသုံးပြုလို့ ရပါတယ်။ နံရံကပ်မှန်ကို ဘောင်ခတ် ထားခြင်း ဖြစ်ပြီး ဘောင်အတွင်းမှာလည်း ဆယ်လ်ဖီး ရိုက်ကူးမှု ပြုလုပ် လို့ ရအောင် ပစ္စည်းတွေ ထည့်သွင်း ပေးထား ပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံကို ဆော့ဖ်ဝဲလ်နဲ့ ချိတ်ဆက်ပြီး မှန်ရှေ့မှာ မတ်တတ်ရပ်ရုံနဲ့ ဆယ်လ်ဖီ ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင် ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=34199

- တစ်လတစ်ခါသာ အားသွင်းရန်လိုတဲ့Phone
- သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
- iPhone သုံးစွဲသူ အများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
- လွတ်ကျလည်းဖုန်းကွဲမှာ မပူရသည့် နည်းပညာသစ်
- facebook အကောင့်ဆက်ခံသူရွေးချယ်နိုင်တော့မယ်
- like ခလုတ်ထက်ပိုပြီး တစ်ခုခု ပေးစွမ်းရန်အလားအလာရှိတဲ့ Facebook
- ရွံ့ မုန်းစရာကောင်းလောက်အောင် အသက်ဝင်လှတဲ့ USB Drive
- အခုအချိန်ကစလို့ သင့်ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Facebook
- ညစ်ညမ်းကားများအသွင်ယူထားသည့် Trojan Virus ဖြင့် facebook သုံးသူ တစ်သိန်းကျော်ကိုတိုက်ခိုက်
- အရွယ်မရောက်သေးသူများအသုံးပြုလျှင် အန္တရာယ်ရှိသည့် Application ငါးခု
- facebook နှင့် Instagram အားထပ်ဖျက်ဦးမည်ဟု နာမည်ကြီးဟက်ကာပြော
- Bill Gate သောက်နေသော လူ့ မစင်ကထုတ်လုပ်ထားသည့်ရေသန့် 
- ဘာမှမလုပ်တဲ့စက်
- Apple ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ မန်မရီပမာဏအတိုင်းမပါဝင်မှုကြောင့်တရားစွဲခံရ
- ကားတာယာပေါက်၍ လမ်းဘေးရပ်ကာ စပယ်ယာဘီးလဲရသောဒုက္ခကင်းဝေးပြီ
- တောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ နျူးကလီးယားစက်ရုံ ရဲ့ ကွန်ပြူတာတစ်လုံး Hack လုပ်ခံခဲ့ရ
- clash of clans အွန်လိုင်းဂိမ်းအကောင့် ကျပ်သိန်း၆၀ အထိပေးဝယ်သူရှိ
- လူ့ မစင်ဖြင့်မောင်းသည့်ကား UK တွင်စတင်ပြေးဆွဲ
- တကိုယ်ရေသုံး WiFi များပိတ်ပင်ရန်ကြိုးစားသည့် ဟိုတယ်များကို Google နှင့် Microsoft ဝေဖန်
- အမေရိကန်ကာကွယ်ရေးဌာနမှာ ဦးတည်ရာပြောင်းနိုင်သည့်ကျဉ်ဆန်များ စမ်းသပ်ပြုလုပ်
- အမေရိကန်က ဒေတာများအပ်နှံရန်ညွှန်ကြားခြင်း ကို microsoft ကဆန့် ကျင်
- အမေရိကန် စစ်တပ်က တီထွင်လိုက်တဲ့ စက်ရုပ်ငါးမန်း
- မန်မရီစတစ်အရွယ် Intel ကွန်ပြူတာများ ပြည်တွင်းတွင် စတင်ရောင်းချမည်
- google တွင် မြန်မာဘာသာပြန်နိုင်ပြီ
- နာဆာလေယာဉ်ဂိုဒေါင်ကို google သန်း (၁၁၀၀)ကျော်ဖြင့် ငှားရမ်းကာစက်ရုပ်များစမ်းသပ်မည်
- လျှာကိုလျှပ်စစ်ဖြင့်တို့ သောနည်းဖြင့်လမ်းမလျှောက်နိုင်သူကို ပင် လျှောက်နိုင်အောင် လုပ်နိုင်ဖွယ်ရှိ
- လမ်းမှာကလေးတွေမိဘနဲ့ ကွဲသွားရင် အချက်ပြဆက်သွယ်ပေးမယ့်လက်ပတ်
No comments:
Post a Comment