Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 18, 2015

ဂျပန်တွင် မိခင်တစ်ဦးမှ ၁၇နှစ် အရွယ်ရှိ မိမိသားအား ဓားဖြင့်ထိုး၍ ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ တစ်ပတ်ခန့်က အသက်၄၁ နှစ် အရွယ် အမျိုးသမီးသည် အသီးလှီးသည့်ဓားဖြင့် ၁၇နှစ်အရွယ်ရှိ မိမိသားအား သတ်ရန် ကြိုးပမ်းခဲ့သည်ဟု သံသယရှိ၍ တိုကျိုမြို့ Katsushika ရပ်ကွက်ရှိ ရဲများက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

တနလာင်္နေ့ သန်းခေါင်ယံအချိန် ၁၂ နာရီတွင် အခင်းဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီးကိုယ်တိုင်က သူမ၏ သားကို ဓားဖြင့် ထိုးမိကြောင်းပြောကာ ရဲအား ဖုန်းဆက် အကြောင်းကြားခဲ့ပါသည်။ ဓားထိုးခံရသည့် လူငယ်အား လည်ပင်းနှင့် ကျောရှိ ဓားဒဏ်ရာများစွာကြောင့် သွေးများစွာထွက်ကာ လမ်းမပေါ်တွင် လဲလျက်တွေ့ရသည်။

ထိုလူငယ်အား အရေးပေါ်အခြေအနေအဖြစ် ဆေးရုံတင်ထားရကြောင်းသိရသည်။

တာဝန်ရှိရဲများ၏ အဆိုအရ ထိုအမျိုးသမီးမှာ Chiharu Suzuk အမည်ရှိပြီး သူမ၏ သားနှင့် နှစ်ယောက်တည်းနေသူဖြစ်သည်။ သူမသည် ထိုတိုက်ခိုက်မှုကို မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့ကြောင်းကိုမူ ယခုအချိန်ထိ ပြောကြားခြင်း မရှိသေးပေ။
http://www.trend.com.mm/2015/03/18/news-6101 

No comments:

Post a Comment