Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 24, 2015

ကမ္ဘာပေါ်တွင် ဉာဏ်ရည်မမီသူ (Autism) များ တဖြည်းဖြည်း များပြားလာပြီး နိုင်ငံအများစုတွင် အရေးကြီးသော လူမှုရေးနှင့် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်နေဟုဆို


ကမ္ဘာပေါ်တွင် ဉာဏ်ရည်မမီသူ(Autism)များ တဖြည်းဖြည်း များပြားလာပြီး ယင်း မှာ နိုင်ငံအများစုတွင် အရေးကြီး သော လူမှုရေးနှင့် ကျန်းမာရေး ပြဿနာတစ်ခုဖြစ်နေကြောင်း မြန်မာ အော်တစ်ဇင်အသင်းမှ သိရသည်။

အမေရိကန်နိုင်ငံ၊ New York မု မြို့ရှိ အော်တစ်ဇင်အသင်း၏ သုတေ သန Result အရ ကမ္ဘာပေါ်တွင် ဉာဏ်ရည်မမီသူ(Autism)ဖြစ်သူ ၆၇သန်းကျော်ရှိကြောင်း၊ ကလေး ၆၈ယောက်မွေးတိုင်း ဉာဏ်ရည်မမီသူ (Autism)ဖြစ်သူ တစ်ဦးပါဝင်ပြီး အော်တစ်ဇင်ဖြစ်သူ ငါးဦးတွင် ယောက်ျားလေး လေးဦးနှင့် မိန်း ကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

”အခုအချိန်ထိ ရာနှုန်းပြည့် ပျောက်ကင်းအောင်ကုသနိုင်တဲ့ ဆေး ဝါးကုထုံး မရှိသေးတဲ့အတွက် အော် တစ်ဇင်ဖြစ်သူတွေက ကမ္ဘာ့လူဦးရေ ၏တစ်ရာခိုင်နှုန်း ရှိလာနေပါပြီ။ ဒါက အရေးကြီးတဲ့ လူမှုရေး၊ ကျန်းမာရေး ပြဿနာတစ်ရပ်ပါပဲ”ဟု မြန်မာအော် တစ်ဇင်အသင်းဥက္ကဋ္ဌ ဒေါက်တာ မြင့်လွင်က ပြောသည်။

သိသာထင်ရှားသော ဉာဏ်ရည် မမီသူ(Autism) လက္ခဏာများကို ကလေးများ အသက်နှစ်နှစ်ကျော် သုံးနှစ်အရွယ်တွင်မှသာ တွေ့မြင်နိုင် သော်လည်း ကလေးအသက်ငယ်စဉ် လသားအရွယ်တွင် သတိထားကြည့် ပါက စောစီးစွာသိရှိ နိုင်မည်ဖြစ် ကြောင်းနှင့် ယင်းတို့ကို လုံးဝပျောက် ကင်းအောင် ကုသပေးနိုင်သော ဆေးဝါး ကုထုံးမရှိသေးသော်လည်း စောစီးစွာ သိရှိပြီး စနစ်တကျ လေ့ ကျင့်သင်ကြားပေးပါက တိုးတက် ကောင်းမွန် လာမည်ဖြစ်ကြောင်း သိရသည်။

”ဒီလိုဖြစ်နေတဲ့ ကလေးမိသား စုထဲမှာရှိတယ်ဆိုရင် ပစ်ပယ်မထား ဖို့တော့လိုမယ်”ဟု ယင်းက ပြောသည်။

မိဘများ၊မိသားစုဝင်များသာ မက ပြည်သူလူထုများအနေနှင့်ပါ ယင်းကဲ့သို့ ကလေးတစ်ယောက် မိသားစုအတွင်း ပြည်သူလူထုအတွင်း ရောက်ရှိလာပါက အားငယ်ရှက်ရွံ့ ဖုံးကွယ်ထားမည့်အစား ယခင်ကထက် နည်းပညာများ၊ ကူညီထောက်ပံ့မှု ပေးမည့်အဖွဲ့အစည်းများ၊ အတတ် ပညာရှင်များ ရှိလာပြီဖြစ်သဖြင့် ပြည် သူလူထုများအနေနှင့်မိသားစုများ ကို စာနာနားလည်ဖေးမ ကူညီမှုများ ပေးရန်လိုအပ်ကြောင်း သိရသည်။

ဉာဏ်ရည်မမီသူ(ဗကအငျာ)ဆိုသည်မှာ လူတစ်ဦး စွမ်းဆောင် ရည်တချို့နှင့် ဆိုင်သော ဖွံ့ဖြိုးမှုများ မညီမျှခြင်း (သို့မဟုတ်) မသန်စွမ်းခြင်း တို့ကြောင့် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေး နှင့် တွေးခေါ်မြော်မြင်ဖန်တီးနိုင် သော စွမ်းရည်များ ချို့ယွင်း၊ အား နည်းခြင်းတို့ဖြင့် ဘဝတစ်လျှောက် လုံး သူတစ်ပါးအပေါ် အနည်းနှင့် အများ အသက်ရှင်နေထိုင် ရသော အခြေအနေတစ်မျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာနက မသန်စွမ်းသက်ငယ်လေ့ ကျင့်သင်ကြားရေးကျောင်းနှင့်ပုဂ္ဂလိ က ကျောင်းရှစ်ကျောင်း မြန်မာအော် တစ်ဇင်အသင်းမှ ဖွင့်လှစ်ထားသည့် Day Care Centre တို့ကိုဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

KTM

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment