Thursday, February 5, 2015
နေပြည်တော် တွင်ဖြစ်ပျက်ခဲ့သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကိစ္စနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်းပြီး NNER နှင့် ကျောင်းသားခေါင်းဆောင် များက သတင်းစာရှင်းလင်းပွဲတစ်ခု ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်း ပွဲကို ယခုလ ၇ရက်တွင် LRC အ ဆောက်အအုံ၌ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ယင်းရှင်းလင်းပွဲ၌ နေပြည် တော် ပညာရေးဝန်ကြီးဌာနတွင် ကျင်း ပပြုလုပ်ရန် စီစဉ်ထားခဲ့သော လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနေ့တွင် ဖြစ်ပွားခဲ့သောဖြစ်ရပ်များ၊ အစိုးရဘက် မှထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များ နှင့်ပတ်သက်ပြီး ပြည်သူအများ သ တင်းအမှန်ကို သိရှိနိုင်စေရန် ရည် ရွယ်ပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
''နေပြည်တော်ကအပြန်မှာ ဆရာတို့အဖွဲ့တွေအားလုံး ရှေ့ဆက် ဆောင်ရွက်ရမှာတွေကို
ညှိနှိုင်းတိုင် ပင်ခဲ့ကြတယ်။ ရန်ကုန်မှာ လေးပွင့် ဆိုင်ဆွေးနွေးတာကစပြီး
နေပြည် တော်မှာအထိ ဖြစ်ပျက်တာတွေကို ပြန်သုံးသပ်တယ်။ နေပြည်တော်မှာ
ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တော့ အစိုးရထုတ်ပြန်ချက်တွေကို
ဆရာတို့ဘက်ကနေပြီးတော့ ပြန်တုံ့ ပြန်ဖို့၊ မိဘပြည်သူကို အမှန်သိစေဖို့
အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ရမယ်လို့ အားလုံးဝိုင်းဆုံးဖြတ်
ခဲ့တယ်''ဟု NNER၊ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ
များအသင်းချုပ်မှ ဦးသန်းထိုက်အောင် က ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် ကျောင်းသားသမဂ္ဂများက လက်ရှိကျောင်းသား သပိတ် ပေါ် ပေါက်ခဲ့ရပုံများနှင့် လက်ရှိကျောင်း သားများနှင့်ပတ်သက်သော မဟုတ် မမှန်သတင်းများနှင့်ပတ်သက်ပြီး ပြည်သူများ သတင်းအမှန်သိရှိစေ ရန် ယင်းနေ့ပွဲတွင် ရှင်းလင်းပြော ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ နေပြည်တော် မှာတွေ့ကြုံခဲ့ရတာတွေနဲ့ ပြည်သူ နဲ့မီဒီယာကို ကျောင်းသားသပိတ် နဲ့ ဦးဆောင်ကော်မတီ ဘယ်လိုဖြစ် လာလဲဆိုတာကိုပြောမယ်။ ကျွန်တော် တို့က အမျိုးသားပညာရေးဥပဒေ ကို အခုမှစကန့်ကွက်ခဲ့တာ မဟုတ် ဘူး။ စရေးဆွဲကတည်းက ကန့်ကွက် ခဲ့တာကို လျစ်လျူရှုခဲ့ကြလို့ အရေး ပေါ်အစည်းအဝေးခေါ်၊ ကော်မတီဖွဲ့၊ သပိတ်မှောက်ခဲ့တာတွေကို ရှင်းမှာပါ။ ကျွန်တော်တို့တောင်းဆိုတာက တွေ့ ဆုံဆွေးနွေးရေး၊ သွားမှာက ပညာ ရေးပြုပြင်ပြောင်းလဲမှုပါ။ အခုချိန် မှာ မဟုတ်မမှန်ထွက်နေတဲ့ သတင်း တွေနဲ့ ပတ်သက်ပြီတော့လဲ ရှင်းလင်း မှာဖြစ်ပါတယ်။ နေပြည်တော် ဆွေး နွေးပွဲကို အားလုံးသဘောတူညီလို့ ဖျက်သိမ်းတယ်လို့ အစိုးရကထုတ်ပြန် ထားတဲ့အကြောင်းကို မဟုတ်မမှန် ကြောင်း တစ်ဖက်သတ်ဖျက်သိမ်းတာ ဖြစ်တဲ့အကြောင်းကို အဲဒီနေ့ပွဲမှာ ရှင်းပြသွားမှာပါ''ဟု ကျောင်းသား သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ရဲဇာနည်ထွန်းက ပြောသည်။
လက်ရှိတွင် နေပြည်တော် ဆွေး နွေးပွဲပျက်ပြယ်ခဲ့ပြီးနောက်တွင် သ ပိတ်မှောက်ကျောင်းသားများသည် သပိတ်စစ်ကြောင်းများကို ပြန်လည် စတင်ခဲ့ပြီး ရန်ကုန်သို့အရောက် ချီ တက်လာနေပြီဖြစ်ကြောင်း သိရ သည်။
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group -

No comments:
Post a Comment