Thursday, February 5, 2015
ပါတီမူဝါဒကိုဆန့်ကျင်၍ အ ခြား အဖွဲ့များနှင့် ပူးပေါင်းမှုကြောင့် ဒေါက်တာသိန်းလွင်ကို အရေးယူဆောင် ရွက်ရခြင်းဖြစ်ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဖေ ဖော်ဝါရီ၃ရက်တွင် ရန်ကုန်တိုင်းမ်သို့ ပြောသည်။
''ကျွန်တော်တို့
ပါတီမူဝါဒထဲမှာ ကတော့ ပါတီအဖွဲ့ဝင်တစ်ယောက်က အခြားအဖွဲ့အစည်းတွေမှာ
သွားပြီး တာဝန်ယူခွင့်မရှိစေရဆိုတဲ့ စည်းကမ်း ချက်တွေရှိတယ်။
ဒါရဲ့အနှစ်သာရက တော့ ဥပမာတောင်သူလယ်သမား သမဂ္ဂအဖွဲ့အစည်းမှာ ပါတီဝင်တစ်
ယောက်ကပါရင် ကျွန်တော်တို့လိုအ ခြားပါတီတွေက ကျွန်တော်တို့ပါတီက
အဲဒီအဖွဲ့မှာ လွှမ်းမိုးမှုရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေခံရနိုင်တယ်။ အဲဒီလိုမူ
ဝါဒကို ဆန့်ကျင်လို့ ဗဟိုအလုပ်မှု ဆောင်အဖွဲ့မှ ဆောင်ရွက်ရခြင်းဖြစ်
သည်ဟု''ပြောသည်။
အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ် မှုဆောင်အဖွဲ့ကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်၁၅ဦးဖြင့် ဖွဲ့စည်းထား ခဲ့သည်။ အဆိုပါဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်လည်း ပါဝင်ခဲ့သည်။
ဒေါက်တာသိန်းလွင်ကို အမျိုးသားပညာရေး ဥပဒေပြင်ဆင်နိုင်ရေး အတွက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့ စိန်ရတုခန်း မ၌ အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားများ တွေ့ဆုံပွဲတွင် NNER ကိုယ်စားလှယ်အဖြစ် တက် ရောက်ဆွေးနွေးခဲ့ခြင်းကြောင့် ပါတီ မှ အရေးယူရခြင်းဖြစ်ကြောင်းကို အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပါ နေ့တွင် ထုတ်ပြန်ခဲ့သည်။
TheYangonTimes

No comments:
Post a Comment