ကရင်အမျိုးသားအစည်းအရုံး KNU မှ ကိုယ်စားလှယ်နှစ်ဦး က နေပြည်တော်တွင် အစိုးရနှင့် ကတိပြုလက်မှတ် ရေးထိုးခဲ့ခြင်းမှာ KNU ၏ သဘောထားမဟုတ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ KNU ၏ ထိုကြေညာချက်တွင် ဥက္ကဋ္ဌမူတူးစေးဖိုးနှင့် အတွင်းရေးမှူး စောခွဲထူးဝင်း တို့သည် KNU အမြဲတမ်းကော်မတီ၏ သဘောထားရယူခြင်းမရှိဘဲ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြ ထားသည်။
ပြည်ထောင်စုနေ့က ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲတွင် အစိုးရနှင့် နိုင်ငံရေးပါတီ ၅၀ ကျော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ နေပြည်တော် တွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့သို့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်သည့်အနက် KNU အပါအ၀င် ကရင်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၃ ဖွဲ့ပါဝင်ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီကလည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သော်လည်း တခြား တိုင်းရင်းသားအဖွဲ့များ ပါဝင်ခဲ့ခြင်း မရှိပေ။
KNU က ဦးဆောင်၍ ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ဆက်လက်
လုပ်ဆောင်သွားနိုင်ရန်၊ မရပ်တန့်စေရန် အစိုးရနှင့် ငြိမ်းချမ်းရေးကို
ဆက်လက်သွားမည်ဖြစ်ကြောင်း ကတိပြုချက် လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။
အဆိုပါ ကတိပြုချက်တွင်
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ကမူ အစိုးရဘက်မှ ထုတ်ပြလာသည့် ဖက်ဒရယ်မူမှာ ယေဘုယျဆန်လွန်းပြီး ခိုင်မာသည့် ကတိက၀တ်များ မရှိခြင်းကြောင့် ပါဝင်လက်မှတ် မထိုးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
KNU အနေဖြင့် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား တပ်ဖွဲ့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ကို စည်းရုံးထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ ကိုယ်စားလှယ်စေလွှတ်၍ KNU ကော်မတီက သဘောတူ ခဲ့သော်လည်း အစိုးရနှင့် လက်မှတ် ရေးထိုး မည့် သဘောတူညီချက်များမှာ KNU အတွက် သာမက အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကပါ လက်ခံနိုင်သည့် အချက်မျိုးဖြစ်သင့်သည်ဟု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောကြား ခဲ့သည်။
နော်စီဖိုးရာစိန်က “ဘာကိုမှ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတာ မရှိပါဘူး။ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလူမျိုး ၂ မျိုးသာရှိပြီး ကျန်တဲ့သူတွေ က ငြင်းပယ်ခဲ့တယ်ဆိုတာ စိုးရိမ်စရာပါ။ ဒါက တိုင်းရင်းသား အဖွဲ့တွေကြားမှာ နားလည်မှု လွဲစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ ၁ ဦး၊ ၂ ဦး နဲ့မဟုတ်ဘဲ တိုင်းရင်းသား အားလုံးရဲ့ ညီညွတ်မှုနဲ့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခု လက်မှတ်ထိုးတာက အားလုံးရဲ့ ညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်” ဟု နော်စီဖိုးရာစိန်က ပြောကြားခဲ့သည်။
KHTun
The Ladies News Journal

No comments:
Post a Comment