ISIS စစ်သွေးကြွ များသည် ၄င်းတို့
ပြန်ပေးဆွဲ ထားသည့် အီရတ် နိုင်ငံသား ကလေးငယ် များကို လိင်လုပ်သား အဖြစ်
ဈေးများ၌ ရောင်းချမှု ပြုလုပ် နေသည့်အပြင် အခြား ကလေးငယ် များကိုလည်း
ကားစင်တင် သတ်ဖြတ်ခြင်း သို့မဟုတ် အရှင် လတ်လတ် မြေမြှုပ်ခြင်း ကဲ့သို့သော
ရက်စက်သည့် နည်းလမ်းများ သုံး၍ သတ်ဖြတ် နေကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင်
ကုလသမဂ္ဂ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ က ပြောကြားသည်။
ISIS စစ်သွေးကြွ များသည် ၄င်းတို့ ဖမ်းဆီး ထားသူများ အနက် အသက် ၁၈ နှစ် အရွယ်ရှိ အီရတ်လူငယ် များကို အသေခံ ဗုံးခွဲသမားများ၊ ဗုံးပြုလုပ် သူများ၊ သတင်းပေးများ သို့မဟုတ် အမေရိကန် ဦးဆောင်သော
လေကြောင်း တိုက်ခိုက်မှု များတွင် ၄င်းတို့၏ အဆောက်အအုံ များကို ကာကွယ်ရန် အတွက် လူသားဒိုင်းများ အဖြစ် အသုံးပြု နေကြောင်း ကုလသမဂ္ဂ အဖွဲ့မှ ကလေးငယ် များ၏ လူ့ အခွင့်အရေး ဆိုင်ရာ ကော်မတီ က ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment