ပေါက်ကြားလာတဲ့ လျှို့ဝှက် အချက်အလက်တွေအရ ကမ္ဘာ့အကြီးဆုံး ဘဏ်ကြီး တစ်ခုဖြစ်တဲ့ HSBC ဘဏ်ကြီးရဲ့ ဆွစ်ဇာလန် နိုင်ငံ ဘဏ်ခွဲတစ်ခုဟာ သူ့ဘဏ်ကို အသုံးပြုတဲ့ ကမ္ဘာတလွှားက လူတွေကို ဒေါ်လာ သန်းနဲ့ ချီပြီး အခွန် ရှောင်တိမ်းနိုင်ဖို့ ကူညီခဲ့တယ် ဆိုတာ တွေ့ရှိရပါတယ်။
ဘီဘီစီနဲ့ တခြား သတင်း မီဒီယာတွေ တွေ့မြင်ခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ ဘဏ်စာရင်းတွေရဲ့ အသေးစိတ် အချက်အလက်တွေအရ အခွန်အာဏာပိုင်တွေ မတွေ့အောင် ငွေတွေကို ဘယ်လို ဝှက်ထားရမယ် ဆိုတာ ဘဏ်စာရင်း ဖွင့်ထားသူတွေကို အကြံပေးခဲ့ကြတာ ပေါ်ပေါက်လာပါတယ်။
ပြင်သစ်နိုင်ငံ Le Monde သတင်းစာရဲ့ သတင်းထောက် ဖြစ်တဲ့ Fabrice L'Homme က သူ့ကို HSBC ဘဏ်ဝန်ထမ်းဟောင်း တစ်ယောက်က ဘဏ်စာရင်း အချက်အလက် အသေးစိတ်တွေပါတဲ့ USB ကို ပေးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ USB stick ထဲမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း မှတ်တမ်းတွေ အရ နိုင်ငံပေါင်း ၂၀၀ ကျော်က နိုင်ငံရေး သမားတွေ၊ ရာဇဝတ်သားတွေနဲ့ နာမည်ကျော် အနုပညာရှင်တွေ အပါအ၀င် လူ တစ်သိန်းကျော်ရဲ့ ဘဏ်စာရင်းတွေမှာ အမေရိကန် ဒေါ်လာ ဘီလျံ ၁၂၀ နီးပါး ရှိနေတာ တွေ့ခဲ့ရပါတယ်။
No comments:
Post a Comment