CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, February 14, 2015
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ ဗြိတိသျှသံအမတ်ကြီး သွားရောက်လေ့လာ
ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် မွေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ ဗြိတိသျှသံအ မတ်ကြီး ပထမဆုံးအကြိမ် လာရောက်လေ့လာခဲ့ပြီး ဗြိတိသျှအစိုးရကို တိုက်ခိုက်တွန်းလှန်ခဲ့သော်လည်း မျှတမှုရှိသူဖြစ်၍ လေးစားမှုဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
‘‘သူက ဗြိတိသျှအစိုးရကို လွတ်လပ်ရေးရဖို့အတွက် တိုက် ခိုက်တွန်းလှန်ခဲ့တဲ့ လူတစ် ယောက်။ ဒါပေမဲ့ သူကအရမ်းမျှ တမှုရှိတယ်။ ဒါကြောင့် ဗြိတိသျှ မှာရှိတဲ့လူတွေက သူ့အပေါ်မှာ လေးစားမှုရှိကြတယ်။ အားလုံးက ရိုသေ လေးစားကြတဲ့ လူတစ် ယောက်မို့ သူ့အိမ်ကိုလာပြီးလေ့ လာတာဖြစ်ပါတယ်’’ဟု ဗြိတိသျှ သံအမတ်ကြီးအင်ဒရူးပက်ထရစ် က ပြောသည်။
သံအမတ်ကြီးသည် ဗိုလ် ချုပ်အောင်ဆန်း၏ နေအိမ်နှင့်အ သုံးအဆောင်ပစ္စည်းများကို လှည့် လည်ကြည့်ရှုခဲ့ပြီး ပြတိုက်တာဝန် ခံဦးကျော်အေးက ဗိုလ်ချုပ်နှင့် ပတ်သက်သည့်အကြောင်းအရာ များရှင်းပြသည်။
ယခုနှစ်ဖေဖော်ဝါရီ ၁၃ရက် သည် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀)ပြည့် မွေးနေ့ဖြစ်၍ ပြ တိုက်သို့ လာရောက်လေ့လာသူ မှာ ယမန်နှစ်များကထက် နှစ်ဆကျော်ရှိခဲ့ပြီး ကျောင်းသားလူငယ် များ၊ လူကြီးများ၊ မိသားစုများ အပြင် နိုင်ငံခြားသားများလည်း လာရောက်လည်ပတ်ခဲ့ကြောင်းပြတိုက်တာဝန်ခံ ဦးကျော်အေး ကဆိုသည်။
‘‘အရင်နှစ်တွေက ဗိုလ်ချုပ် မွေးနေ့ဆိုပြီး ထူးထူးခြားခြားလူပို လာတာမျိုးမရှိခဲ့ဘူး။ လူအများဆုံးလာတယ်ဆိုတဲ့ မနှစ်က တောင် တစ်ရက်လုံးမှ လူနှစ်ရာ လောက်ပဲလာတယ်။ ဒီနှစ်က တော့ မနက် ၁၁နာရီပဲရှိသေး တယ်။ လူ ၂၅၀ကျော်သွားပြီ။ ထူး ခြားမှုအနေနဲ့ သံအမတ်ကြီးကိုယ် တိုင်တောင် ပထမဆုံးအနေနဲ့လာ ခဲ့တယ်’’ဟု ဦးကျော်အေးကပြော သည်။
ထို့အပြင် ဗိုလ်ချုပ်ကို အ မှတ်ရသည့်အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ဝင်ပေါက် နံဘေးတွင် ပြတိုက်သို့လာရောက် သူများအား ပဲပြုတ်နှင့် နံပြားများ ကျွေးမွေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း နေ အိမ်ပြတိုက်ကို တနင်္လာနှင့် ပြန် တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍နေ့ စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၀င် ကြေးအနေဖြင့် လူကြီးကျပ်သုံးရာနှင့် ကလေး ကျပ်တစ်ရာကောက်ခံ ကာ နိုင်ငံခြားသားများကိုလည်း ကျပ်သုံးရာသာကောက်ခံသည်။
နေ့စဉ် လူ ၅၀မှ ၁၅၀အထိ လာရောက်ကြည့်ရှုလေ့ရှိပြီး တစ် လလျှင် လူ ၂၅၀မှ ၇၅၀အထိရှိ တတ်ကြောင်း ပြတိုက်တာဝန်ခံ ထံမှ သိရသည်။
http://7daydaily.com/story/31679#.VN6fiC7q-io
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ ဗြိတိသျှသံအမတ်ကြီး သွားရောက်လေ့လာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment