Friday, February 20, 2015
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရာတွင် လေးပွင့်ဆိုင်တွေ့ဆုံပွဲ၌ သဘောတူထားသည့် အချက်များထဲမှ အချို့သည့် ဆရာဆရာများ အတွက် အခက်အခဲရှိနေ၍ ပြင်ဆင်ပေးနိုင်ရန် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ ဖေဖေါ်ဝါရီ ၂၀ ရက်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး) ၌ ဆွေးနွေးခဲ့သည်ဟု စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက မီဒီယာများသို့ ပြောသည်။
"ဒီဥပဒေနဲ့ဆိုရင် ဘယ်လိုမှ စီမံခန့်ခွဲလို့ မရပါဘူး။ ဒီလိုသင်ရိုးညွှန်တမ်းဆိုရင်
ဆွေးနွေးမှုတွင် တက္ကသိုလ်များ၌ စီမံခန့်ခွဲမှုနှင့် တက္ကသိုလ်ဝင်ခွင့်၊ ဆရာဆရာမများ အပြောင်းရွှေ့နှင့် ဘာသာရေးကျောင်းများ၊ အကဲဖြတ်မှုပိုင်း၊ သက်ဆိုင်ရာ အကြောင်းအရာ အချက် (၆) ချက်ကို ဆွေးနွေးခဲ့သည်ဟု ရန်ကုန်စီပွားရေးတက္ကသိုလ် (ရွာသာကြီး) ပထမနှစ် စာရင်းအင်း ပညာမှ ကိုရဲမင်းဦးက မဇ္ဈိမသို့ပြောသည်။
ဆရာမများ စိုးရိမ်နေသည့် အချက်ခြောက်ချက်ရှိပြီး ထိုအချက်များကို စကားလုံးပြင်ဆင်ရန် ဆွေးနွေးခဲခြင်းဖြစ်သည်။ အမျိုးသား ပညာရေး ဥပဒေမှုကြမ်း ပုဒ်မ (၄၃)တွင် အမျိုးသားသင်ရိုးညွန်းတမ်း ရေးဆွဲရာ၌ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် ကော်မတီကို အဖွဲ့ဝင် အနည်းဆုံး ၉ ဦး ကော်မတီဖြင့် ဖွဲ့စည်းမည် ဆိုသည့်အချက်ကို လက်မခံခြင်းဖြစ်သည်။
ယင်း ၉ဦးကော်မတီတွင် ပညာရှင် ၅ ဦးနှင့် ပညာရေး ဝန်ကြီးဌာနမှ ၂ ဦး လွှတ်တော်မှ ၂ ဦးဆိုသည်မှာ မဖြစ်နိုင်ကြောင်းဟုလည်း ဒေါ်ခင်နိုင်ဦးက ဆိုသည်။
ယင်းအပြင် ပုဒမ ၄၄ ပါ အစိုးရကျောင်းများနှင့် အခြားကျောင်းများသည် အပြန်အလှန် ဆက်သွယ်ကူးပြောင်း သင်ကြားနိုင်ရန် ကူညီဆောင်ရွက်ရမည်ဟူသည့်အချ
"ဒီနေ့ဆွေးနွေးပွဲ အောင်မြင်စွာနဲ့ ပြီးဆုံးသွားတယ်။ ဥပဒေပိုင်းဆိုင်ရာနဲ့ ဆွေးနွေးသွားတာ နည်းတယ်။ လက်တွေ့လုပ်ငန်းပေါ် အခြေခံပေါ်မှုတည်ပြီးတော့ ဥပဒေနဲ့ ဆွေးနွေးတာထက် ဆရာတွေရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ အချက်အလက်တွေနဲ့ မညီလို့ ဆွေးနွေးတဲ့ ပွဲပါပဲ" ဟု (စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ) ကိုဇေယျလွင်က ပြောသည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့လည် ၁၁ နာရီက ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
No comments:
Post a Comment