CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, February 12, 2015
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဘာသာရေး အစွန်းရောက်တွေ ကြောင့် ခြိမ်းခြောက်မှုတွေ ဖြစ်နေ
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ရဟန်း အမတ် ဖြစ်လာတဲ့ ချားလ်စ် ဦးဘို က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကို ဘာသာရေး အစွန်းရောက်တွေ ကြောင့် ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
မြန်မာ အစိုးရအနေနဲ့ အမုန်းတရား ဟောကြားနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီး တချို့ကို ထိန်းချုပ်သင့်တယ်လို့ သူက ဘီဘီစီကို ပြောကြားသွားပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင်နဲ့ တင်းမာမှုတွေ ဖြစ်နေတာတွေကို ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ ကြိုးစား ဖြေရှင်း ဖို့ ချားလ်စ်ဦးဘို က တောင်းဆို လိုက်ပါတယ်။
အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပေါ် ချီးကျူးပြောဆိုမှုတွေဟာ လောကြီး နေတယ်လို့ သူက ပြောသွားပါတယ်။
ချားလ်စ် ဦးဘို ကို လာမယ့် စနေနေ့ကျရင် ရောမမှာ ရဟန်း အမတ် အဖြစ် တရားဝင် ခန့်အပ်လွှာ ပေးအပ်မှာ ဖြစ်ပါတယ်။
BBC
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဘာသာရေး အစွန်းရောက်တွေ ကြောင့် ခြိမ်းခြောက်မှုတွေ ဖြစ်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment