အေဒီ 185 ခုနှစ် အေးချမ်းတဲ့ ဒီဇင်ဘာလို ညတစ်ညမှာ တရုတ်အင်ပါရာ၏ တောင်ဘက် မြို့အဝင်ဂိတ်ရဲ့ အပေါ်.. ကောင်းကင်ယံမှာ ကြီးမားတဲ့ ကြယ်တစ်လုံးဟာ ရုတ်တရက် အရောင်ငါးမျိုးဖြာထွက်ပြီး မီးပွင့်များ ကောင်းကင်ယံသို့ တောက်ပစွာ လင်းလက်လာပါတယ်။ အဆိုပါကြယ်ကြီးကို ကောင်းကင်ယံမှာ ၈ လ တိုင်တိုင် မြင်တွေ့ခဲ့ကြပါတယ်။
တော်ဝင်နက္ခတ်ပညာရှင်တို့မှ ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး ``တရုတ်ပြည် ယူနန်ရှောဟူသော အရပ်တွင် အုပ်ချုပ်လျက်ရှိသော အင်ပါရာအား အံတုဖက်ပြိုင်မည့် အင်ပါရာလောင်းလျာပေါ်နေသည့် နိမိတ်ဖြစ်ကြောင်း´´အင်ပါရာဘုရင်မင်းမြတ်အား လျှောက်ထားလိုက်ရာ ယင်းအရပ်ဒေသတွင် ရှိနေသော အုပ်ချုပ်သူများနှင့် အလယ်အလတ်ရာထူးရှိသူများ အားလုံး အသတ်ခံခဲ့ရပါတယ်။
တကယ်တော့ ဒါဟာ ကြယ်တစ်လုံး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်ငွေ့တိမ်တိုက်ကြီးတစ်ခုပါဘဲ။ အင်္ဂလိပ်လိုတော့ Crab Nebula လို့ခေါ်ပါတယ်။ ဂဏာန်း နက်ဗြူလာပေါ့..။
ကမ္ဘာမှ အလင်းနှစ် (ရှစ်ထောင်) အကွာအဝေး ပြိသ ကြယ်တာရာအတွင်းမှာ တည်ရှိတဲ့ ဒီနက်ဗြူလာဟာ အနီအောက် ရောင်ခြည်သာ ထုတ်လွှတ်ခဲ့မယ်ဆိုရင် လပြည့်နေ့ည လရဲ့အရွယ် အစားအတိုင်း ကမ္ဘာမြေကနေ သာမန် မျက်လုံးနဲ့ပင် မြ င်တွေ့နိုင်မှာ ဖြစ်ပါတယ်။
တရုတ် အာကာသပညာရှင်များကတော့ ၁၀၅၄ ခုနှစ်ရောက်မှ မှတ်တမ်းတင်နိုင်ခဲ့ပြီး အနောက်ဥရောပမှာတော့ အာကာသပညာရှင် ဂျွန် ဗီးဗစ် (John Bevis) က ၁၇၃၁ ခုနှစ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ (၁၀၅၄ ဇွန်လ ၄ ရက်နေ့မှ ၂ နှစ်တိုင်တိုင် ယခု သောကြာကြယ်ထက် ၆ ဆခန့် ပိုမိုလင်းလက်ခဲ့ပါတယ်။ နေ့အချိန်များမှာလည်း မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။)
သန့်ဦး (အာကာသနှင့် စကြ၀ဠာ)
No comments:
Post a Comment