လူတို့သည် အပြောချိုသူများကိုသာ
နှစ်သက်သည်မဟုတ် အစားအသောက်ဆိုလျှင်လည်း ချိုသည့်အစားအသောက်ကို
နှစ်သက်ကြသည်။ အပြောချိုသူများသည် ထို အပြောချိုသာခြင်းကိုပင် လက်
နက်သဖွယ်သုံး၍ လိမ်လည်လှည့်ဖျား ဒုက္ခပေးတတ်ပေရာကို သတိထားပေါင်းအပ်သည်ဟု
ရှေးလူကြီးများဆုံးမခဲ့သလိုပင် ချိုသော အစား အစာများကိုလည်း ထပ်တူ
သတိထားအပ်ပေသည်။ အဘယ့်ကြောင့်ဆို သော်“ ချို”ဟူသည့် စကားလုံးပါဝင်သည့်
အချိုမှုန့်ကို ရွှေမြန်မာတို့ အတော်ပင် နှစ် သက်ကြေ သာကြောင့် ဖြစ်သည်။
နေ့စဉ်ချက်ပြုတ်စားသောက်နေသည့် ဟင်းလျာများ၊ အသုပ်စုံများ၊
ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ အကြော်အလှော်များနှင့် ဟင်းချိုများတွင်ပင်
သူမ ပါလျှင်မပြီး။ဖြူဖြူဖွေးဖွေး အချိုမှုန့် ချောင်းကလေးများသည်
အမြင်လှသည်သာမက သူပါဝင်သည့် အစားအစာတိုင်းသည်လည်း ထူးခြား ကောင်းမွန်သည့်
အရ သာကောင်း များကို ပေးစွမ်းနိုင်လေသည်။
သူ၏ရသာထူးကဲကောင်းမွန်မှုနောက်ကွယ်မှာတော့ သူမှသူ ဖြစ်နေသူများအတွက်
ရောဂါဘယများကို လက်ဆောင်အဖြစ်သယ် ဆောင် လာခဲ့သည် မဟုတ်ပါလား။
”အချိုမှုန့်က ကျွန်မနဲ့လုံးဝ မတည့်ဘူး။
စားလိုက်တာနဲ့ ခေါင်းတစ်ခြမ်းလုံးထုံပြီးကိုက်လာတာ။
စားပြီးရင်နေလို့မကောင်းဘူး” ဟု အသက် ၂၄ အရွယ်မမိုးမိုးက ပြောသည်။
အချိုမှုန့် လွန်ကဲစွာပါဝင်သည့် အစားအသောက်များစားပြီးပြီးချင်းတွင်
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းနှင့်
အနီစက်များ ထွက်လာခြင်း၊ မျက်နှာ တွင် တင်းကျပ်နေသည်ဟုခံစားရခြင်းများသည်
အချိုမှုန့်နှင့် ဓာတ်မတည့်ခြင်းဖြစ်သည်ဟု မိသားစုဆရာဝန် ဒေါက်တာ မီမီကိုက
ပြောသည်။
”အချို့ကျတော့လည်း စားလိုက်တာနဲ့
လုံးဝခေါင်းကိုက်တာယားတာ သွေးကြောတွေပိတ်တာ ဖြစ်တယ်။ အရမ်းသိသာတယ်။
ဒီလိုဖြစ်တဲ့လူတွေကျတော့ လုံးဝမစားသင့် ဘူးလေ။ စားလည်း မစားကြတော့ဘူး။
အဲဒီလိုလူတွေကတော့”ဟု ၎င်းကဆိုသည်။ အချိုမှုန့်သည် Monosodium Glutamate (MSG)
ဟုခေါ်သည့် ဒြပ်ပေါင်း တစ် မျိုးဖြစ်ပြီး ၎င်းတွင်
အမိုင်နိုအက်ဆစ်တစ်မျိုးပါဝင်ပြီး အစားအစာများထဲသို့
ထည့်သွင်းချက်ပြုတ်လိုက်ပါက အစားအသောက်များ၏ အရသာကို ဓာတုဗေဒနည်းဖြင့်
လျှာပေါ် တွင်ဆပွားပေးလိုက်ခြင်းပင်ဖြစ်သည်။
”အချိုမှုန့်က လုံးဝမသုံး သင့်ဘူး။
လူ့ခန္ဓာကိုယ်ကိုဘေးဖြစ်စေတယ်။ ဆိုးကျိုးတွေကတော့အများကြီးပဲ မကုန်နိုင်ဘူး”
ဟု ဒေါက်တာမီမီကိုက ဆိုသည်။ အချိုမှုန့် စား သုံးခြင်းကြောင့် နှလုံးရောဂါ၊
သွေးတိုးရောဂါ၊ ဆီးချိုရောဂါများအပြင် ဥာဏ်ရည်ကိုလည်း ထိခိုက်စေနိုင်သည်။
အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များ အချိုမှုန့် စားပါ က
မွေးလာသည့်ကလေးများ၏ ဦးနှောက်နှင့် ဥာဏ်ရည်ကို ထိခိုက်စေနိုင်ကြောင်း
နိုင်ငံတကာမှလေ့လာတွေ့ရှိချက်များတွင် ဖော်ပြထားသည်။ ၎င်းအပြင် အချိုမှုန့် စား
သုံးခြင်းသည် လေဖြတ်သူများပြားလာရခြင်း၏အကြောင်းအရင်းတစ်ခုပင်ဖြစ်ပြီး
နောက်ပိုင်းလေ့လာတွေ့ရှိချက်များအရ ကင်ဆာရောဂါများနှင့်ပင်ဆက်စပ်မှု
ရှိနိုင်သည် ဟု ဒေါက်တာမီမီကိုက ပြောသည်။
ကျန်းမာရေး ပြဿနာများနှင့် တရားဝင်အချိုမှုန့်
မြန်မာနိုင်ငံသည် ကူးစက်တတ်သော
ရောဂါများအရလည်းကောင်း၊ မကူးစက်တတ်သော ရောဂါတစ်ခုချင်းစီအလိုက်လည်း
ကောင်းကမ္ဘာပေါ်တွင် အဆင့် ၁ နေရာ အမြဲ ဦးထားလေ့ရှိသည်။
မကူးစက်တတ်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊
နှလုံးစသည့်ရောဂါများအတွက် ဆရာဝန်တိုင်းလက်ညှိုးထိုးနေကြသည်မှာ လူနာ၏နေ
ထိုင် စားသောက် မှုပုံစံပင်ဖြစ်သည်။
စားသောက်မှုဆိုသည့် အရာတစ်ခုကိုသာ
ကြည့်မည်ဆိုပါက ကျန်းမာရေးအတွက် အသင့်တော်ဆုံးသည် အသီးအရွက်များ ဖြစ်သည်။
ပြည်တွင်း၌ အော်ဂဲနစ် မဟုတ်ဘဲ ဓာတ်မြေသြဇာဖြင့် ကြီးထွားလာသည့်
အသီးအရွက်များကိုသာ အများအားဖြင့် ဝယ်ယူစားသုံးရသည်။ ထို့အပြင်
ယင်းအသီးအရွက်များတွင် ပိုးသတ်ဆေးများြ<ွကင်း ကျန်မှု ရှိမရှိကိုလည်း
စစ်ဆေးစားသုံး နေရပြန်သည်။ ဘေးပတ်ဝန်းကျင်မှ အစားအသောက်များမှာလည်း
အရောင်ဆိုးဆေးများကြောင့် ကာလာစုံ တောက် ပနေပေ သည်။ ထိုထိုသော
အစားအသောက်များ အကြား ဟင်းချိုမှုန့်ဟု လှလှပပ ခေါ်ဝေါ်
လေ့ရှိသည့်အချိုမှုန့်ကို မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းနိုင်ပါသည်။
”အချို မှုန့်ကို တရားဝင်တင် သွင်းလို့
ရပါတယ်။ နယ်စပ်ကနေ လည်းသွင်းတယ်။ ပြည်ပကနေ လည်း ဝင်တယ်။ အဓိကမြဝတီ က
သွင်းတယ်”ဟု စီးပွားရေးနှင့် ကူး သန်းေ ရာင်းဝယ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တင်သွင်းကုန်များတွင် ဘီစကွတ်၊
အသီးအနှံများကဲ့သို့ တိုက်ရိုက်စားသုံးနိုင်သည့် အစား အစာ များဆိုပါက
ကျန်းမာရေး ဝန်ကြီးဌာနအစားအသောက်နှင့် ဆေးဝါကြီးကြပ်ကွပ်ကဲရေး
ဦးစီးဌာနထံမှ ကြိုတင်ထောက်ခံချက်ယူရ၍ ခွင့်ပြုချက်ရမှသာ တင်သွင်း
ရခြင်းဖြစ် သည်။ အချိုမှုန့်သည် တိုက်ရိုက်စားသုံးနိုင်သည့်အစားအစာ
မဟုတ်သည့်အတွက် ကြိုတင်ထောက်ခံချက်ယူစရာ မလိုဘဲ ဆိပ်ကမ်းရောက်မှသာ
စစ်ဆေးပြီး စားသုံးရန် သင့်တော် ပါက ခွင့်ပြုချက်နှင့်
တင်သွင်းခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်
ကြီးဌာနမှသိရသည်။
”အချိုမှုန့်က မျိုးစုံရှိတယ်။
ရောထွေးနေတယ်။ အတုတွေဝင်တာတွေရှိတယ်။ တစ်ခါယိုးဒယားဘက်ရောက်တော့
သူတို့နိုင်ငံမှာ ဒါတွေမသုံးဘူးလို့ပြောတယ်။ သူတို့နိုင်ငံမှာ ထုတ်ပေမယ့်
သူတို့ကမသုံးကြဘူး။ Burma Market Only ဆိုပြီးတော့ ထုတ်တာရှိတယ်” ဟုဒေါက်တာ
မီမီကိုက ပြောသည်။ ယခင်က အချိုမှုန့်ကို ခရမ်းချဉ်သီး၊ ပီလောပီနံစသည့် သဘာ
ဝအသီးအနှံများမှ ထုတ်လုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်
ဓာတုဗေဒနည်းပညာဖြင့် ထုတ်လုပ်သောအချိုမှုန့်များအ စားထိုး နေရာ ဝင်ရောက်
လာခဲ့သည်။ ကမ္ဘာပေါ်တွင် သဘာဝစစ်စစ်ဖြင့် ပြုလုပ်ထားသော အချိုမှုန့်မှာ
တံဆိပ်သုံးမျိုးသာ ရှိတော့ ကြောင်းသိရသည်။ အီတလီမှ မြန်မာပြည် သို့
ခေတ္တပြန်ရောက် လာ သည့် ဆရာဝန်ကြီးတစ်ဦးကမူ”ဒီကလူတွေ စားနေရတဲ့အစားအစာ တွေက
မကျန်းမာဘူး။ အရောင်တွေဆိုးထားတယ်။ အချိုမှုန့်တွေစား ကြတယ်။ ဒါတွေကြောင့်
ကျန်း မာရေး တွေထိခိုက်နေကြတယ်”ဟူ ၍ သုံးသပ်ပြောကြားခဲ့သည်။
သံယောဇဉ် ဖြတ်ရခက်သည့် ဟင်းချိုမှုန့်
အမှန်တော့ အချိုမှုန့် စားနေသူများသည်
လျှာတစ်ချောင်းအတွက် အသက်နှင့် ခန္ဓာကိုယ်ရင်းနှီးထားသူများဟု
ဆိုရမည်ဖြစ်သည်။ လျှာ၏ အရသာခံစားလိုမှု အတွက် ဖြစ် လာနိုင်သည့် ရောဂါများ
ကို လစ်လျူရှုထားမိခြင်းပင်ဖြစ်သည်။ ”အချိုမှုန့်က ဒီနေ့စားတယ်
ဒီနေ့ချက်ချင်း ဖြစ်တယ်ဆိုရင် ကြောက်ကြတယ်။ သူက လတ်တလော ဖြစ် တာ မ
ဟုတ်တာကြောင့်လည်း ပါတယ်။ ပြီးတော့ စား လာတာလည်းနှစ်ငါးဆယ်မက ရှိနေပြီလေ”
အငြိမ်းစားဆရာဝန်မကြီး တစ်ဦးကဆိုသည်။ ကျန်းမာရေးအရ အချိုမှုန့် မစား ပါက
ယင်းအရသာနေရာကို အစားထိုးရန် ရှေးနည်းအတိုင်း ပုစွန်ခြောက်လေး
ဟင်းခပ်သုံးပါက အရသာမှာ တစ်ခုခုလိုသလို ခံစားရပြီး ဈေးနှုန်းအားဖြင့်လည်း
သာမန် လူ များအဖို့ ခက်ခဲမည်ဟု ၎င်းကဆိုသည်။
”အဘိုးဆို သိပ်ကြိုက်တာ သူသွားလေရာ
အချိုမှုန့်ထုပ်လေးယူသွားတယ်။ သူစားတဲ့အစားအစာတိုင်းမှာ မုန့်တိုင်းမှာ
ထည့်စားတယ်။ အသက်ရှစ်ဆယ့် ရှစ်နှစ်မှ သေ တယ်ဆိုတော့ ဘယ်လိုပြောရမလဲမသိဘူး”
ဟု အထက်ပါ ဆရာဝန်မကြီး ဆိုသည်။ လျှာပေါ်စွဲနေပြီဖြစ်သည့်
အချိုမှုန့်တစ်ဖြစ်လဲ ဟင်းချိုမှုန့်ကို ငါးပိရည်ထဲမှာပင် မခပ်ရ လျှင်
စားမကောင်းတော့ လောက်အောင် သုံးစွဲရာ၌ အကျင့်ပျက်လာကြသည်ဟု ၎င်းကဆိုသည်။
”အချိုမှုန့်မှာပါတဲ့ ဒြပ်ပေါင်းတွေက ဘာဖြစ်တယ်၊ ညာဖြစ် တယ် နဲ့
ပြောကြပေမယ့် အချိုမှုန့် ကလက်ညှိုးထိုး မလွဲနေရာတိုင်းမှာ ရှိနေတယ်”ဟု
၎င်းကဆိုသည်။
သံယောဇဉ်ဘယ်လိုဖြတ်
ဟင်းချိုမှုန့်သည် အတုအယောင် အရသာကိုသာ
ပေးစွမ်းနိုင်ပေသည်။ ယင်းဓာတုဗေဒ အမှုန့်များ ပြည်တွင်းမှာတရားဝင်
ရောင်းဝယ်နေနိုင်ခြင်းကပင် ကျန်း မာရေးအန္တ ရာယ်ကို ကြိုဆိုနေခြင်းလားဟု
မေးခွန်းထုတ်စရာပင် ဖြစ်သည်။ မည်သို့ဆိုစေ အချိုမှုန့်သည်
အိမ်ရှင်မများ၏မီးဖိုချောင်များတွင် နေရာယူထား မြဲဖြစ်သည်။ ထို့ကြောင့်
အချိုမှုန့်ကို တွန်းလှန်ရန် မီးဖိုချောင်တာဝန်ယူထားရသည့်
အိမ်ရှင်မများနည်းတူ စားသုံးကြမည့် အိမ်သားများသည်လည်း အဓိကကျပေသည်။
”ဒါကြောင့် အချိုမှုန့်ကို သုံးပါ မသုံးပါဆိုတာထက် အရင်ဆုံးလျှော့သုံးကြဖို့
ပြောချင်တယ်”ဟုဒေါက်တာမီမီကိုက အကြံပြုသည်။
မြတ်စုငြိမ်း
http://www.popularmyanmar.com/mpaper/2015/02/%E1%80%99%E1%80%AE%E1%80%B8%E1%80%96%E1%80%AD%E1%80%AF%E1%80%B1%E1%80%81%E1%80%BA%E1%80%AC%E1%80%84%E1%80%B9-%E1%80%9C%E1%80%B0%E1%80%9E%E1%80%90%E1%80%B9%E1%80%9E%E1%80%99-%E1%80%81%E1%80%BA%E1%80%B3/
No comments:
Post a Comment