အထက ၁ပုသိမ်က ဆယ်တန်းကျောင်းသူ မချောစုစံဟာ ဖေဖော်ဝါရီ ၈ရက်နေ့က မိဘအုပ်ထိန်းသူတွေ၊ ပညာရေးမှူးတွေနဲ့အတူ စာမေးပွဲကြောင့် မအူပင်ကနေ ပြန်လိုက်သွားခဲ့ရာက ဖေဖော်ဝါရီ ၁၁ရက်နေ့ညမှာတော့ ကျောင်းသားသပိတ်စစ်ကြောင်းရှိရာကို ပြန်ရောက်လာခဲ့ပါတယ်။
ပညာရေးဥပဒေအတွက် သပိတ်စစ်ကြောင်းတွေက တောင်းဆိုထားတဲ့ အချက် ၁၁ချက်ကို မြန်မာအစိုးရဘက်က လိုက်လျောတယ်သတင်းကြားလို့ အစ်ကိုတွေနဲ့အတူ အောင်ပွဲဆင်နွှဲချင်လို့ ပြန်လာတာဖြစ်ပြီး တောင်းဆိုချက်တွေအတွက် အဆုံးထိအောင် လိုက်လျောမယ်လို့ မျှော်လင့်တဲ့အကြောင်း မချောစုစံက ပြောပါတယ်။
မအူပင်မှာရှိနေတဲ့ ဧရာဝတီသပိတ်စစ်ကြောင်းကို ဖခင်နဲ့အတူ ပြန်လာတာဖြစ်ပြီး ကျောင်းပိတ်ထားတာကြောင့် လာရောက်ပူးပေါင်းတာဖြစ်တဲ့အကြောင်း၊ ကျောင်းကိုပြန်သွားတုန်းကလည်း ဆရာ။ ဆရာမတွေက ဖော်ဖော်ရွေရွေဆက်ဆံတဲ့အကြောင်း၊ သပိတ်စစ်ကြောင်းမှာ ပါဝင်ခွင့်ရခဲ့လို့ ဂုဏ်ယူသလို နောင်လာမယ့် မျိုးဆက်တွေအတွက် စွန့်စားရတာမို့ ကျေနပ်တယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ - ဝေမိုးထက်/ကမာရွတ်မီဒီယာ)
Kamayut Media
Kamayut Media
No comments:
Post a Comment