စကြဝဠာထဲမှာ လူသားတွေ တွေ့ရှိထားသမျှ ကြယ်တွေထဲက အကြီးတက အကြီးဆုံး ကြယ်ကို ပြောပါဆိုလျှင်... ယူဝိုင် စကူတီ (UY Scuti) ဆိုတဲ့ ကြယ်ကို ညွှန်ပြရပါလိမ့်မယ်..။
သူ့ရဲ့အရွယ်အစားဟာ အချင်း မိုင် သန်း ၇၅၀ ရှိပါတယ်။ သူ့သာ ကျနော်တို့ရဲ့ နေ နေရာမှာ ရှိမယ်ဆိုလျှင်. သူ့အရွယ်အစားဟာ ဂျူပီတာဂြိုဟ်ရဲ့ ဂြိုဟ်ပါတ်လမ်းကြောင်းကိုတောင် ကျော်ထွက်သွားနိုင်ပါတယ်။
သူဟာ အနီရောင်ကြယ်ကြီး (Red Supergiant) တစ်လုံးဖြစ်ပြီး ကမ္ဘာမှ အလင်းနှစ် ၉၅၀၀ ကွာဝေးပါတယ်။ တွေ့ရှိထားသမျှ ကြယ်တွေထဲမှာတော့ အရွယ်အစား အကြီးဆုံးပါဘဲ..။
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment