Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ချစ်သူများနေ့တွင် လိင်စိတ်ကြွဆေးများ ဖမ်းမိ

Monday, February 16, 2015
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် မင်္ဂလာဈေး လေးလွှာရှိ ဆိုင်ခန်းတစ်ခုတွင် ဖေဖော်ဝါရီလ ၁၄ ရက် (ချစ်သူများနေ့) ညနေ ၄ နာရီခွဲက လိင်စိတ်ကြွဆေးပြားများ ရောင်းချနေသူ အမျိုးသားကို ယင်းဆေးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရှိရသည်။
“ချစ်သူများနေ့မတိုင်ခင် အွန်လိုင်းပေါ်မှာ လိင်စိတ်ကြွစေမယ့် ဆေးဝါးတွေနဲ့ အစားအစာတွေကို ဘယ်လိုဆက်သွယ်ပြီး ဝယ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပျံ့နေတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ လိင်စိတ်ကြွဆေးတွေ မင်္ဂလာဈေးထဲမှာ ဝယ်လို့ရတယ်လို့ သတင်းရလို့ ဝင်ရှာရာကနေ ဆေးဝါးတွေနဲ့ ရောင်းချသူကို မိခဲ့ပေမယ့် ဝယ်ယူသူတွေကိုတော့ မမိခဲ့ဘူး” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းအောင်က ပြောကြားသည်။
အဆိုပါ ဖမ်းမိခဲ့သော လိင်စိတ်ကြွဆေးများမှာ Mastigra(100) တံဆိပ်ပါ ဆေးလုံးရှစ်လုံးပါဘူး ၃၀ ဘူး၊ Miracule Serum တံဆိပ်ပါ ကာမစိတ်ကြွ လိမ်းဆေး ၁၂ ဘူး၊ Stud(100) တံဆိပ်ပါ လိမ်းဆေး ၄ ဘူး၊ Procmil Stray တံဆိပ်ပါ လိမ်းဆေး ၈ ဘူး၊ Xtra Force(100) တံဆိပ်ပါ အားတိုးဆေး ရှစ်လုံးပါဘူး ၈ ဘူး၊ Dr-X(100) တံဆိပ်ပါ ဆေးလုံး ၁၂ လုံးပါ ဘူး ၈ ဘူး နှင့် Increase Pill တံဆိပ်ပါ ၁၀ လုံးကတ် ဆေးဘူး ၁ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရှိရသည်။
“ချစ်သူများနေ့မှာ တည်းခိုခန်းတွေက အရင်တည်းခထက် ငွေပိုပေးရပြီး အချိန်ပိုင်းနဲ့ပဲ တည်းမှ လက်ခံတယ်။ လူငယ်သမီးရည်းစား စုံတွဲ အများစုကလည်း အဲဒီနေ့မှ တည်းခိုခန်းတွေ အများဆုံး သွားကြပေမယ့် အသက်ပြည့်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ဖြစ်တာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူလို့ မရဘူး။ တရားမဝင် ရောင်းချနေတဲ့ လိင်စိတ်ကြွဆေးပြား ရောင်းသူတွေကို အဓိကထား ဖမ်းဆီးနေရတာ” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
မင်္ဂလာဈေးအတွင်း လိင်စိတ်ကြွဆေးပြားများ ရောင်းချသူ အမျိုးသားကို (ပ) ၁၀၃/၁၅၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment