Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

အိမ်ဖြူတော် စည်းရိုးကျော် တက်သူကို ဖမ်းဆီး


ဝါရှင်တန် ။ ။ အမေရိကန်နိုင်ငံ တွင်ဖေဖော်ဝါရီ ၁ရက်က သမ္မတ အိမ်ဖြူတော် အပြင်ဖက် အရံတံ တိုင်စည်းရိုး ကိုကျော်တက် သူအား ဖမ်းဆီးလိုက် ရသည်။

အမေရိကန် သမ္မတနှင့် တကွခေါင်းဆောင် ပိုင်းများကို အကာ အကွယ်ပေးနေ ရသည့် လျှို့ဝှက် ဆားဗစ် ကပြော ခွင့်ရသူ ဘရိန်း လာရီက ဖမ်းဆီး လိုက်သူကို ဥပဒေမဲ့ ဝင်ရောက်ခြင်းဖြင့် စစ်ဆေးလျက် ရှိကြောင်းပြောသည်။

၎င်းကို ဖမ်းဆီးပြီး ကိုလံဘီယာ ခရိုင်ရဲ ဌာနသို့ လွှဲပြောင်းပေး လိုက်သည် ဟုလည်း၎င်း ကပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း အိမ်ဖြူတော် ဝင်းခြံအတွင်းသို့ မောင်းသူမဲ့ အဝေး ထိန်းယာဉ် ငယ်တစ်စင်း ကျရောက် ခဲ့ဖူး၍ လုံခြုံရေး တင်းကျပ် ခဲ့ရ သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းက အမေရိကန် စစ်သားဟောင်းတစ်ဦးက ဓားကိုင်ဆောင်လျက် အိမ်ဖြူတော် အတွင်းပိုင်းအထိ ဝင်ရောက်လာခဲ့၍ လျှို့ဝှက် ဆားဗစ်အေ ဂျင့်များက ဖမ်းဆီးခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဆယ်စုနှစ် များအတွင်း မကြုံဘူးသည့် လုံခြုံရေး စည်းကျိုးပေါက်မှု လည်းဖြစ်သည်။

Ref: PRESS TV

No comments:

Post a Comment